မိုးကောင်းမြို့တွင် စစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ သံလွင်တည်းခိုခန်းအနီး၌ အကြမ်းဖက်စစ်ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီ ၅ မိနစ်ခန့်က မိုးကောင်းမြို့ အထက ၁ ကျောင်းရှေ့မှ မိုး ကောင်းရဲစခန်းဘက်သို့ သွားနေသော အကြမ်းဖက်စစ်ကား တစ်စီးကို KPDF တပ်ဖွဲ့ဝင်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ပရဟိတ အသင်းကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
“ပစ်ခတ်မှုဖြစ်ပြီးတော့ ပျူစောထီး အဖွဲ့ ရောက်လာပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေလို့ အထက၁ ကျောင်းအနီး မြို့မဈေးအတွင်းက ပြည်သူတွေနဲ့ ဈေးဝယ်သူတွေ ကျဉ်လွတ်ရာ ဝပ်နေကြရပါတယ်၊ ကျောင်းသူ၊ ကျောင်းသားတွေလဲ စိုးရိမ်းထိတ်လန့်လို့ ကျောင်းထဲ ကျည်လွတ်ရာသို့ ဝပ်နေကြရပါ တယ်၊ရဲစခန်းထဲက ရဲတွေလာတာ မတွေ့ရဘူး၊ စခန်းဝင်စီးမယ်စိုးလို့ ထင်တယ်” ဟု KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း မိုးကောင်းရဲစခန်းအတွင်းရှိ ရဲများ လာရောက်ခြင်းမရှိပဲ ပျူစောထီးများ သာ လာရောက်ခဲ့ကြောင်း သိရသည်။