28 C
Yangon

အုတ်ဖို၊ ဝိုင်းကျေးရွာရှိ မယားငယ် အိမ်သို့ လာသည့် ပျူစောထီး ငသောင်းလေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖို၊ ဝိုင်းကျေးရွာရှိ မယားငယ် အိမ်သို့ လာသည့် ပျူစောထီး ငသောင်းလေး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရှိ မယားငယ် အိမ်သို့ လာသည့် ပျူစောထီး ငသောင်းလေး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းအနီးရှိ မယားငယ် နေအိမ်သို့လာသည့် ပျူစောထီး ငသောင်းလေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပျူစောထီး ငသောင်းလေးသည် ဦးခေါင်းကို သေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးခဲ့ပြီး ၎င်းထံမှ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စစ်တပ်ထံ ပေးပို့ထားသည်များကို လည်းတွေ့ရှိခဲ့ကာ ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ငသောင်းလေးသည် စစ်တပ်၊ ရဲ၊ သစ်တော စသည့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များနှင့် ပေါင်းကာ ဆက်ကြေး ကောက်ခံခြင်း၊ စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ ဒေသခံ ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေသူဖြစ်ကြောင်း သိရသည်။

” သူ့မှာ စစ်ခွေးတွေ ပေးထားတဲ့ ၆ လုံးပြူး သေနတ်ရှိတယ်။ သူမူးလာရင် PDF တွေ ပြည်သူတွေကို အော်ဆဲခြောက်လှန့် ပစ်ခတ်တာတွေ လုပ်တယ် သူ့ကို စောင့်ကြည့်နေတာကြာပြီ ခုမှ မယားငယ်အိမ်ကို လာတက်တာ သိရလို့ စောင့်ပစ်တာ သူ့ကိုဝင်ပစ်တော့ မယားငယ်ကထွက်ပြေးတယ် ၆ လုံးပြူး သေနတ်ရှာတာတော့ မတွေ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article