25 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန် ၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ခင်ဦးမြို့မရဲစခန်းမှ အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က စတင်ကာ စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ကျေးရွာ ၅ ရွာမှ ဒေသပြည်သူများ မိုးထဲ ရေထဲတွင် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ အောင်သီရိရပ်ကွက်မှ တောင်ဘက် ပန်းမုံဘုရားဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အောင်သီရိရပ်ကွက်မှ ကိုမျိုးလင်း ဆိုသူကို ဓားစာခံ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ပန်းမုံဘုရားမှ ခင်ဦးအနောက်ဘက် လွမ်းစေတီဘုရားဘက်သို့ ဆက်လက် ဦးတည်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article