26 C
Yangon

ရေနံချောင်းမြို့အတွင်းသို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရေနံချောင်းမြို့အတွင်းသို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၂

မကွေးတိုင်း၊ ရေနံချောင်းမြို့မဈေးအတွင်းသို့ ဈေးဝယ်ထွက်လာသည့် အကြမ်း ဖက် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ၊မကွေးခရိုင် အမှတ် ၂ တပ် ရင်းမှ ဗိုလ်စံသျှားက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ခလရ ၇၇ တပ်ရင်းမှ အကြမ်းဖက်စစ်သား ၂ ဦးသည် ရေနံချောင်းမြို့မဈေးသို့ ဆိုင် ကယ်ဖြင့် ဈေးဝယ်ထွက်လာပြီးနောက် အပြန် ကင်းပတ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် တစ်ဦး ခေါင်းကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကျန်တစ်ဦးမှာမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“သူတို့နှစ်ယောက်က ကင်းပတ်ရင်းနဲ့ဈေးဝယ်တာ၊ သူတို့က ညနေတိုင်းလုပ်နေကြ၊ အရပ်ဝတ်နဲ့ပေါ့၊ ကင်းပတ်တယ်ဆိုတာက နယ်မြေအနေအထားကို လိုက်ထောက်တဲ့သဘောလားတော့ မသိဘူးဗျ၊ အုပ်ချုပ်ရေးမှူးရုံးတွေကို ဝင်တယ်၊ ညနေတိုင်းလုပ်နေကြ၊ ရေနံချောင်းမြို့မဈေးထဲကို ဝင်ပြီးတော့ အပြန်မှာ စောင့်ပြီးတော့ပစ်တာဗျ၊ ရှေ့ကတစ်ကောင်ကတော့ ဦးခေါင်းထိပြီးတော့ အဲနားမှာတင် ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့တေစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်၊”မကွေးခရိုင် အမှတ် ၂ တပ် ရင်းမှ ဗိုလ်စံသျှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးစစ်သား အလောင်းနှင့် ဒဏ်ရာရသူကို စစ်ကားဖြင့် မကွေးစစ်ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ချောက်ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဆိုင်ကယ်စီး၍ ကင်းလှည့်ကြသည့် အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article