24.8 C
Yangon

ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံးပြီး တပ်စိပ်မှူး ထွန်းဝင်း အရှင်ဖမ်းမိကာ ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံးပြီး တပ်စိပ်မှူး ထွန်းဝင်း အရှင်ဖမ်းမိကာ ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်မှ တပ်စိပ်မှူးထွန်းဝင်ကို အရှင်ဖမ်းမိကာ ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Union Liberation Front – ULF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်တပ်မှ အင်အား ၂၅ ဦးခန့်ရှိ ရှေ့ပြေးကင်းထောက်စစ်ကြောင်းကို နွားခြံကုန်းတောပြင် တနေရာ အရောက် Union Liberation Front – ULF (တပ်ပေါင်းစု)ကင်းပုန်းစစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံ ပြီး အပြန်အလှန်ပစ်ခတ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးကာ အကြမ်းဖက်စစ်တပ်မှ တပ်စိပ်မှူး ထွန်းဝင်းကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“ဖမ်းမိတဲ့ကောင်က တပ်စိပ်မှူးဗျ၊ အခုတော့ သွေးထွက်လွန်နေလို့ ဆေးကုထားတယ်ဗျ၊ ဆေးဝါးကုသ ပြီးမှာပဲ သုံ့ပန်းဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တိုက်ပွဲဖြစ်ပြီးတော့ စစ်ကူ ၆၀ လောက် လာတယ်၊ အခုတော့ အားလုံးတပ်ဆုတ်သွားပြီ၊ နွားခြံကုန်းမှာမရှိတော့ဘူး၊ နယ်မြေရှင်းလင်းရေးလည်း လုပ်ပြီးပြီ၊ ဒေါ်လာအရေးပေါ်လိုနေလို့ ပြည်သူပိုင်သစ်တွေကို ခိုးထုတ်ပြီးရောင်းစားဖို့ စစ်ကြောင်းထိုး လာတာဖြစ်နိုင်တယ်၊ စည်သူသစ်ကွင်းကိုပဲ ပြန်ဆုတ်သွားတာ”ဟု Union Liberation Front – ULF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း ဖမ်းမိသူ တပ်စိပ်မှူးထွန်းဝင်းထံမှ ၄၀ မမ ဗုန်းသီး ၂ လုံး၊ ကျည် အတောင့် ၂၅၀ နှင့် ကျည်ဘောက် နှစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု) မှ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း နှင့် Alpha စစ် ကြောင်းတို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ယခုအခါ ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းသို့ ပြန်လည် ဆုတ် ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article