32 C
Yangon

ဖြူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူများကို ရွာအတွင်းမှ နှင်ထုတ်

Must read

ဖြူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူများကို ရွာအတွင်းမှ နှင်ထုတ်

ရန်ကုန်၊ သြဂုတ် ၂၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရေပြာရွာနှင့် သနပ်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူများကို ရွာအတွင်းမှ နှင်ထုတ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေပြာရွာနှင့် သနပ်ကွင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး သနပ်ကွင်းရွာ၌ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ရေပြာရွာရှိပြည်သူများကိုလည်း ရွာအတွင်းမှ ထွက်ခွာရန်နှင့် မွန်းလွဲ ၁၂ နာရီ နောက်ပိုင်းတွင် ပစ်ခတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း စစ်သားများက ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။

“ရေပြာရွာသားတွေကိုတော့ ၁၂ နာရီ နောက်ဆုံးထားပြောင်းပေးပါတဲ့ စစ်ခွေးတွေက ရွာနေရာအနှံတော့ တပ်ခွဲထားတယ်တဲ့ ၁၂ နာရီ နောက်ပိုင်း ပစ်မယ်ပြောတယ်။ အခုက သနပ်ကွင်းရွာမှာ ပစ်နေတယ်တဲ့ အခု ရွာသားတွေ အားလုံး ရွာထဲက ပြောင်းနေရတယ်။ သနပ်ကွင်းတော့ အခြအနေ မသိရသေးဘူး။ ၁၂ နာရီ နောက်ပိုင်းရွာထဲကို အဝင်မခံတော့ဘူးလို့ပြောတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ရေပြာကျေးရွာတွင် လူဦးရေး ၁၃၀၀ ကျော် နေထိုင်ပြီး လက်ရှိချိန်တွင် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ သနပ်ကွင်းရွာတွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်း အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Photo – သြဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဖြူမြို့နယ်မှ ပြည်သူများ

သြဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဖြူမြို့နယ်မှ ပြည်သူများ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article