24 C
Yangon

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်တပ်၏ ၁၂ ဘီးကားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ သိမ်ဇရပ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်တပ်၏ ၁၂ ဘီးကားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ သိမ်ဇရပ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကား ၃ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၇ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီ ၄၂ မိနစ်က မုံရွာ-အရာတော်လမ်းပိုင်း၌ ကင်းပုန်းဝပ်ပြီး အရာတော် မြို့ စခတ အမှတ် ၁၀ တပ်သို့ ပြန်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်လိုက်ပါလာသည့် ၁၂ ဘီးကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်အပါအဝင် အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံး ပြီး ဗိုလ်တစ်ဦးမှာ အရာတော်ဆေးရုံ၌ တင်ပို့ဆေးကုသထားရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဩဂုတ်လ ၂၁ ရက် နှင့် ၂၂ ရက်နေ့တို့တွင် အရာတော် သုဿန်၌ သေနတ်များ ပစ်ဖောက်ကာ မီးသင်္ဂြိုလ်ခဲ့သည် တပ်တွင်း ဖရသီးများနှင့် အရာတော်မြို့နေပြည်သူများထံမှ သိရကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ဆင်ဖြူတော်ဘုန်းကြီးကျောင်းအနီး၌ ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထို တော် လှန်ရေးအင်အားစု -KRF တပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၀ ရက် ညနေ ၅ နာရီခန့်က ဆင်ဖြူတော်ဘုန်းကြီးကျောင်းအနီး၌ ကင်းပုန်းဝပ်နေရာယူ ထားသော အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၀ နှင့် တပ်မ ၇၇ တပ်သားများကို ဒရုန်းဖြင့် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA ၊ ABSDF ၊ ခရမ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ Drone Team တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်တပ် လက်ပါးစေများ၊ ထောက် တိုင်းများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article