29 C
Yangon

ကြာအင်းဆိပ်ကြီးရှိ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင် မိန်းမခိုးလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးရှိ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင် မိန်းမခိုးလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Alpha Bats Fixed wing drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၃ တပ်ရင်း ကို KNDO တပ်ရင်း ၆ drone အဖွဲ့၊ KNLA တပ်ရင်း ၁၇ နှင့် Alpha Bats Fixed wing drone အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊တွင် မိန်းမခိုးလာသော ရဲ ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ၂ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Phoenix – D-F ထံမှ သိရသည်။

ဩဂုတ်လ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းမှ ရဲ များသည် ကျောက်ကုန်းရွာမှ ကင်းလှည့်ပြီး မိန်းမခိုးကာ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာစဉ် ကံစုသင်္ချိုင်း ကုန်းအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးပွဲချင်းပြီး သေဆုံး ပြီး ရဲနောက်ခိုးရာလိုက်ပြေးလာသည့် အမျိုးသမီးတစ်ဦးနှင့် ရဲတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ကယ်နှစ်စီးလဲပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ (နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- Phoenix – D-F) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများသည် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြည်သူများလွတ်လပ်စွာ သွားလာခွင် လုပ်ကိုင်စားသောက်ခွင့်များကို ဖျက်ဆီးနေသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောက်နောင်လည်း စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ပြုလုပ် နေပါက နည်မျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article