28 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းများ​ကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေ

Must read

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းများ​ကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေ

ရန်ကုန်၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်ကြောင်းများ​ကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ် လူထု သပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

သြဂုတ်လအတွင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မီးရထား သံလမ်း ပြုပြင်ခြင်းများကြောင့် ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သုံးဆင့်ကန်၊ ထန်းကြီး၊ ပေါက်ကန်ဘူတာ၊ ပေါက်ကန်၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ပဒူနှင့် ညောင်ပင်ကြီးတော စသည့် ကျေးရွာ ၉ ရွာက ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် လယ်ကွင်းများအတွင်း တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article