28 C
Yangon

ရေဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြင်းမူတွင်လည်း စစ်ကြောင်းနှင့် ယာဥ်တန်း တို့ကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရေဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြင်းမူတွင်လည်း စစ်ကြောင်းနှင့် ယာဥ်တန်း တို့ကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာနှင့်ကျောက်တိုင်ရွာကြားတွင် အကြမ်းဖက်စစ်တပ်၊ ပျူ စော ထီးစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးသွားကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရေဦးမြို့နယ်၊ အောင်သာယာ(ပျူ)ရွာမှ ကန့်ဘလူ မြို့နယ်၊ ကျောက်တိုင်ဘက်သို့ ထွက်လာသော အင်အား ၂၀ ခန့်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ကြားဖြတ်ပြီး ချုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးအကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ လက်နက်များ ကိုကောက်ယူရန်ကြိုးစားခဲ့သော်လည်း အောင်သာယာ(ပျူ)ရွာမှ စက်လက်များ၊ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးနေဖြင့် ကောက်ချိန်မရပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အောင်ယာယာ(ပျူ)ရွာကနေ အင်အား ၁၅ ဦး၊ ၂၀ လောက်ရှိမယ်၊ ကျောက်တိုင်ရွာက ကန့်ဘလူမြို့ နယ်ထဲပါတယ်၊ အဲဒီဘက်ကို အကူးကျနော်တို့က ခါးကနေ ဖြတ်တိုက်လိုက်တာ၊ သူတို့ ပျူရွာနဲ့က သိပ်မဝေးဘူး၊ လယ်ကွင်းတွေဆိုတော့ မြင်နေရတော့ စက်လက်နဲ့လှမ်းရမ်းနေလို့ လက်နက်ကောက်ဖို့ အချိန်မရခဲ့တာ”ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)တပ်ဖွဲ့မှ စေတန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)တပ်ဖွဲ့မှ စေတန် ဦးဆောင်၍ MRDA စေတန် တပ်စု၊ Royal Tiger၊ ကန့်ဘလူခရိုင် ပ.က.ဖ လှုပ်ရှားရေးအဖွဲ၊ အညာ ဒေသတော်လှန်ရေး အင်အားစု Local ၊ TGYR Local နှင့် ဗေဒါကြီးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းတို့ကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu မှ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် မြင်းမူမြို့နယ် ရွာသာလေးကျေးရွာကို မီးရှို့ရန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ကင်းလာယူစဥ် Done ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ ကြေးနီ သယ်ဆောင်ရန် ထွက်ခွာလာသည့် ၁၂ ဘီးကား ၆ စီးပါ ယာဥ်တန်းကို စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် မိုင်းအကြီး ၂ လုံးတွဲဖြင့် ၁ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် စစ်ကိုင်းမှမုံရွာသို့ ထွက်လာသည့် စစ်သား အပြည့်လိုက်ပါလာသော ၁၂ ဘီးကား ၄ စီးပါ ယာဥ်တန်းကို စစ်ကိုင်း-မုံရွာ လမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲခဲ့ကြောင်း၊ အဆိုပါ ယာဥ်တန်းကို ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် စစ်ကိုင်း-မုံရွာ လမ်းပိုင်း၌ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ မိနစ်ခန့်တွင် မုံရွာမှ စစ်ကိုင်းသို့ ဦးတည် ထွက်ခွာလာသော စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၁ စီးကို မုံရွာ-စစ်ကိုင်း လမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ် ၊ ၈ နာရီ ၂၅ မိနစ်နှင့် ၈ နာရီ ၃၀ မိနစ်တို့တွင် မုံရွာ မှ စစ်ကိုင်းသို့ ဦးတည် ထွက်ခွာလာသည့် ကြေးနီများ သယ်ဆောင်လာသော ကား အစီး ၂၀ ပါ ယာဥ်တန်းကို မုံရွာ-စစ်ကိုင်း လမ်းပိုင်း၌ ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မြင်းမူမြို့နယ် ပကဖ) ၊D.B.B.F-MMU ၊ Ghost Team Ranger Myinmu (GTR MMU)၊Dog Killers Defense Force ( DKPDF -MMU) စသောအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း People’s knight Defense Force Myinmu မှ ဗိုလ်အေးချမ်းကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article