26 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ပြည်သူ့စစ် ၁၄ ဦး ဖမ်းဆီးရမိပြီး တရုတ် ကြေးနီစီမံကိန်းတွင် စစ်သားအဖြစ် တာဝန် ထမ်းရန် လာရောက်စဉ် ဖမ်းဆီးခံရ

Must read

ဆားလင်းကြီးတွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ပြည်သူ့စစ် ၁၄ ဦး ဖမ်းဆီးရမိပြီး တရုတ် ကြေးနီစီမံကိန်းတွင် စစ်သားအဖြစ် တာဝန် ထမ်းရန် လာရောက်စဉ် ဖမ်းဆီးခံရ

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ပြည်သူ့စစ် ၁၄ ဦး ဖမ်းဆီးရမိပြီး တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် စစ်သား အဖြစ် တာဝန်ထမ်းရန် လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Chindwin Galone Yarzar Guerrilla Defense Forceက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန် စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ပူးတွဲဆောင်ရွက်နေသော တရုတ်၊ ဦးပိုင်‌ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဧရာဝတီတိုင်း‌ဒေသကြီး၊ သာပေါင်းမြို့ နယ်၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် သင်တန်းဆင်း ပြည်သူ့စစ် ပျူစောထီး ၁၄ဦး လမ်းတစ်နေရာတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

လတ်တလော တရုတ်ဝမ်ပေါင်နှင့်စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီတို့က ကြေးနီ စီမံကိန်းအဖြစ် ပြည်သူပိုင်မြေယာများကို စစ်တပ်နှင့်ပူးပေါင်းပြီး ခြံစည်းရိုးခတ် မတရားသိမ်းယူမှုများလုပ်ဆောင်နေကြောင်း၊ ဝမ်ပေါင် ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းများက အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုများ၊ ပြည်သူများအားဖမ်းဆီးခေါ်ယူနှိပ်စက်မှုများ မကြာခဏ လုပ်ဆောင် နေ ကြောင်း၊ ပြည်သူ့စစ် ၊ပျူစောထီး များနှင့် စစ်သားဟောင်းများ၏ သားသမီး များကို လုံခြုံရေးအတွက် ခေါ်ယူကြောင်း၊ ယင်းနောက် သင်တန်းပေးခြင်းနှင့် ကုမ္မဏီလည်ပတ်နိုင်ရေး၊စစ်တပ်စစ်ကြောင်းအတွင်း ဖြည့်တင်းနိုင်ရေးအတွက် အင်အားစုဆောင်းနေကြောင်း သိရှိရသည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ပျူစောထီး ၁၄ ဦးကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ထံသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း၊ ဖမ်းဆီးမှုတွင် CGYDF-ချင်းတွင်းဂဠုန်ရာဇာ၊ Alpha Column၊ ခွဲ(၁)Alpha Special Force၊ ခွဲ(၂)Triple Two Task Force၊ ခွဲ(၃)Chindwin Galone Yarzar Guerrilla Defense Force၊ ခွဲ(၄)Monywa Truth Of Force ၊ ခွဲ(၅)Yinmarbin Local PDFတို့ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article