27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ အာခေါင်ကွဲ နှုတ်ခမ်းကွဲကလေးငယ်တွေကို အခမဲ့ခွဲစိတ်ကုသပေးတဲ့အတွက် ကုန်ကျ စရိတ် ပြန်လည်လှူဒါန်းတဲ့အလှူငွေကို စစ်ကောင်စီက သိမ်းယူသွားတယ်လို့ သိရပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီးမှာ အကြမ်းဖက် စစ်တပ်မှထောက်လှမ်းရေး ၂ ဦး ပစ်ခတ်ခံရပြီးသေသွားတယ်လို့ Dawei Information Center မှ တာဝန် ရှိသူတစ်ဦးကပြောပါတယ်။

– မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်မှ ဗိုလ်ဝင်းစိုးနဲ့ ဇနီးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး သေနတ် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိ ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRFဆီကသိရပါတယ်။

– ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်ရန် ဘာကို စောင့်ဆိုင်းနေသလဲလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက် တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article