28 C
Yangon

လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ရေး လှုံ့ဆော်သည့် ပို့စ်များ တင်ခဲ့သော တပ်မတော် ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့လွန် ကျောင်းသား စစ်ဆေး ဆရာဝန် ၁ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်

Must read

လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ရေး လှုံ့ဆော်သည့် ပို့စ်များ တင်ခဲ့သော တပ်မတော် ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့လွန် ကျောင်းသား စစ်ဆေး ဆရာဝန် ၁ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်

ရန်ကုန်၊ဩဂုတ် ၂၅

လူမှုကွန်ရက် Facebook တွင် စစ်တပ်ကို ပုန်ကန်ကြရန် လှုံ့ဆော်သည့် ပို့စ်များ တင်ခဲ့သော တပ်မတော် စစ်ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့လွန် သင်တန်းသား စစ်ဆေးဆရာဝန်တစ်ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက် ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မင်္ဂလာဒုံ တပ်မတော်ဆေး တက္ကသိုလ် ဆေးပညာ မဟာသိပ္ပံ အပတ်စဥ် ၂၉ တက်ရောက်နေသော အသက် ၃၂ နှစ်အရွယ်စစ်ဆေး ဗိုလ်ကြီးတစ်ဦးကို လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ကြရန် လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ စစ်တပ် မကောင်းကြောင်း ရေးသားထားသည့် သတင်းများနှင့် ပို့စ်များ ရှယ်ခြင်းကြောင့် မေလအတွင်း ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ၄ လအကြာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ စစ်ခုံရုံးက စစ်တပ်ကို ပုန်ကန်မှုဖြင့် သေဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မဟာဘွဲ့လွန် တက်နေတဲ့ စစ်ဆေးဗိုလ်ကြီးကို တပ်မတော်ကို ပုန်ကန်တဲ့ လူမှုကွန်ရက် ပို့စ်တွေ ရေးသားသည့် အတွက် ရန်ကုန် တိုင်းစစ်ဌာနချုပ် စစ်ခုံတရားရုံးက လွန်ခဲ့တဲ့ ရက်ပိုင်းမှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဆေးပညာ မဟာသိပ္ပံ အပတ်စဥ် ၂၉ တက်နေတာပါ။ သူ့နာမည်တွေ အပတ်စဉ်တွေ သိပေမယ့် အဲဒါတွေ ပြောဖို့ အဆင်မပြေပါဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

သေဒဏ်ချမှတ်ခံရသည် စစ်ဆေးဗိုလ်ကြီးသည် မန္တလေးဇာတိဖြစ်ပြီး လတ်တလော မဟာဘွဲ့လွန် တတိယနှစ် တက်ရောက်နေစဉ် ဖမ်းဆီးခံရကာ သေဒဏ်ချခံရခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article