33 C
Yangon

မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို အင်အားဖြည့်ရန် ထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး၊ ပဲခူးရိုးမအတွင်း ကင်းထောက်ထွက် လာသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို အင်အားဖြည့်ရန် ထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး၊ ပဲခူးရိုးမအတွင်း ကင်းထောက်ထွက် လာသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာသို့ ရောက်ရှိနေသော စစ် ကြောင်း ထံသို့ အင်အားဖြည့်ရန် ထွက်လာသော အကြမ်း ဖက်စစ်ကား ၂ စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးခဲ့ပြီး စစ်သား ၈ ဦးသေဆုံး ခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ရွာသက်ကျေးရွာ ဘက်သို့ အင်အား ဖြည့် တင်းရန် ထွက်လာသည့် ဖောကားတစ်စီး၊ စစ်ကား တစ် စီးဖြင့် ထွက်လာသည့် ကားနှစ်စီးကို ကြိုဝ ကျေးရွာနှင့် ရွာသစ်ကျေးရွာ ကြားတွင် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမှာ နေရာတွင်ပင် ရပ်တန့် ပျက်စီးသွားခဲ့ကြောင်း၊ စစ်သား ၈ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ကျန်ဖောကားဖြင့် သေဆုံး၊ ဒဏ်ရာရစစ်သားများကို တင် ဆောင်ကာ ပြန်လှည့်ပြေးသွားကြောင်း သိရသည်။

“၂၃ ရက်နေ့ကတိုက်ပွဲဖြစ်ပြီးတော့ ရွာသစ်ကျေးရွာထဲက ပြည်သူပိုင် ပစ္စည်း တွေကို သယ်ထုတ်နေတာ တွေရှိတယ်၊ မနေ့က ကျနော်တို့က စောင့်နေတုန်း၊ အပြန်ကို မိုင်းဆွဲဖို့စောင့်တာ၊ ဒါပေမယ့် ကြိုဝရွာဘက်ကနေ တက်လာတဲ့ ဖောကားတစ်စီးနဲ့ စစ်ကား တက်လာတော့ အဲဒီ စစ်သားတွေကို မိုင်းဆွဲခဲ့ လိုက်တာ၊ သူတို့က စစ်ကားပေါ်မှာရော၊ ဖောကားပေါ်မှာလိုက်လာကြတာ၊ စစ်ကားကို ဆွဲလိုက်တဲ့အချိန်မှာ သေဆုံးသွား တဲ့ စစ်သားတွေကို ဖောကားနဲ့ တင်ပြီး ပြန်ဆုတ်သွားတယ်၊ ဘယ်အထိ ပြန်ဆုတ်သွားလဲတော့ မသိဘူး၊ ပြည်သူ တွေဆီက ကြားရတဲ့သတင်းကတော့ စစ်သား ၁၅ ဦးလောက်သေ တယ် လို့ ကြားရတယ်၊ ကျနော် တို့အတည်ပြုနိုင်တာကတော့ ၈ ဦးလောက်ပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ် ရင်း ၄ မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင်ပြည်သူ့ကာ ကွယ်ရေး အမှတ် ၄ တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ် တော်(SAF) နှင့် လွတ်မြောက် ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ(WOLF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကြိုပင်ဆိပ်ကျေးရွာဘက်မှ ပဲခူးရိုးမ အတွင်း ကင်းထောက်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပဲခူးရိုးမအတွင်း ကင်းထောက်ရန် ကြိုပင်ဆိပ်ကျေးရွာဘက်မှ ပဲခူးရိုးမအတွင်း သို့ ဆိုင်ကယ် ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၅ ဦးကို ကြားဖြတ် တိုက် ခိုက်ခဲ့ရာ ၄ ဦးမှာ နေရာတွင် ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ MA – 4 သေနတ်ဖြင့် ထွက်ပြေးလွတ် မြောက်သွားပြီးအ ပြန်အလှန်ပစ်ခတ်နေစဉ် စစ်ကားတစ်စီးဖြင့် စစ်ကူရောက်ရှိလာသောကြောင့် လက်နက် များသိမ်းဆည်းနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ သို့သော်လည်း ဆိုင်ကယ် ၃ စီးကို ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ မှ ရဲဘော် ၃ ဦး ဦးဆောင်သည့်အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ ဂုတ်တွင်းတွင် မိုင်းမိခဲ့သော စစ်ကား။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article