26 C
Yangon

ကော့ကရိတ်မြို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်းသေဆုံး

Must read

ကော့ကရိတ်မြို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ဇူလိုင်လ ၁၉ ရက်၊ ဇူလိုင် ၂၇ ရက်နှင့် ဩဂုတ်လ ၈ ရက်နေ့များတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး ရဲဘော် များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ဦးသေကာ အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ထံမှ သိရှိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ကော့ကရိတ်မြို့ ကော့နွဲရွာ စာသင်ကျောင်းတွင် တပ်စွဲ ထား သည့် ခမရ ၃၄၃ တပ်စခန်းနှင့် BGF များကို KNU (KNLA) ၊ နဂါးဖူး၊ ကျားဖြူတော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေကာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူ စစ်ကြောင်းမှ ရဲဘော်ကျားလေး မှ ပြောကြားသည်။

“တော်လှန်ရေးတပ်တွေက စစ်ကောင်စီကင်းပုန်းဘန်ကာတွေကို ခွင်းဗုံးနဲ့ အရင်ဖြိုခွဲ။ စစ်ကောင်စီတွေ ကြောက်လန့်တကြား စာသင်ကျောင်းခံတပ်က ထွက်ပြေးတယ်။ BGF တွေက စစ်ကောင်စီဘက်က ကာထားပေးပြီး ကျွန်တော် တို့ကို လက်နက်ကြီးနဲ့ ပစ်တယ်။ ကျွန်တော်တို့က RPG နဲ့ ပြန်ထုတယ်။ BGF တွေကို နာရေးကား ၁၀ စီးနဲ့ လာသယ်သွားတာတွေ့ခဲ့ရတယ်” ဟု ကျားဖြူ စစ်ကြောင်းမှ ရဲဘော်ကျားလေးက ပြောဆိုသည်။

ထို့ပြင် Sniper Mission အဖြစ် ဇူလိုင် ၂၇ ရက်နေ့တွင် ကော့ကရိတ်မြို့ ရေကူးကန် နှင့် ကမိုင်ကုန်းရွာ သင်္ချိုင်းကုန်းနေရာများတွင် ရှိသည့် အကြမ်း ဖက်စစ်တပ်၏တပ်မ ၂၂ ၊ ခမရ ၂၀၂ တပ်စခန်းများကို Sniper ဖြင့် ပစ် ခတ်ခဲ့ရာတွင် စစ်တပ်ဘက်မှ ၁၁ ဦးသေကာ ၆ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ ကြောင်း တော်လှန်ရေးအဖွဲ့များ ထံမှ သိရှိရသည်။

တိုက်ခိုက်မှုကို KNU (KNLA) ၊ ကျားဖြူ၊ နဂါးဖြူအဖွဲ့များ Sniper ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မစ်ရှင်အတွက် စစ်တပ်စခန်းချရာ နေရာသို့ ၃ ရက်ကြာ ချည်းကပ်ခဲ့ရပြီး ၃ ရက်မြောက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ ခြင်း ဖြစ်ကြောင်း၊ စနိုက်ပါနှင့် ပစ်ခတ်ရာတွင် တစ်ချက် တစ်ဦး တိကျစွာ ပစ်ခတ် နိုင်ခဲ့၍ အကြမ်းဖက်စစ်သားများ မြို့ပြင်အထိ ထွက်ပြေးခဲ့ကြောင်း၊ တော်လှန် ရေး ရဲဘော်များက လက်နက်ငယ်များနှင့် လိုက်လံပစ်ခတ်ခဲ့ပြီး စစ်တပ် ဘက် မှ စစ်ကူကား ၇ စီးတက်လာသော်လည်း ၇ စီးလုံး ပြန်ဆုတ် သွားခဲ့ ကာ တပ် စခန်းတွင် ၃ ဦးလောက်သာ ကျန်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ပြောသည်။

စစ်ဆင်ရေးတွင် KNU (KNLA) ၊ ကျားဖြူ၊ နဂါးဖြူအဖွဲ့များ Sniper ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မစ်ရှင်အတွက် စစ်တပ်စခန်းချရာ နေရာသို့ ၃ ရက်ကြာ ချည်းကပ်ခဲ့ရကြောင်း၊ ၃ ရက်မြောက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ ခြင်း ဖြစ်ကြောင်း၊ စနိုက်ပါနှင့် ပစ်ခတ်ရာတွင် တစ်ချက် တစ်ဦး တိကျစွာ ပစ်ခတ် နိုင်ခဲ့၍ အကြမ်းဖက်စစ်သားများ မြို့ပြင်အထိ ထွက်ပြေးခဲ့ကြောင်း၊ တော်လှန် ရေး ရဲဘော်များက လက်နက်ငယ်များနှင့် လိုက်လံပစ်ခတ်ခဲ့ပြီး စစ်တပ် ဘက် မှ စစ်ကူကား ၇ စီးတက်လာသော်လည်း ၇ စီးလုံး ပြန်ဆုတ် သွားခဲ့ ကာ တပ် စခန်းတွင် ၃ ဦးလောက်သာ ကျန်ခဲ့ကြောင်း ကျားဖြူ စစ်ကြောင်းက ဆိုသည်။

ထို့ပြင် ဩဂုတ်လ ၈ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ ကော့နွဲရွာအကျော် အာရှ လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် BGF ယာဉ်တန်းနှင့် အကြမ်း ဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းကို ဩဂုတ်လ ၈ ရက်နေ့တွင် တော်လှန် ရေး အဖွဲ့များက ကြားဖြတ်ညှပ်တိုက်ရာတွင် စစ်တပ်ဘက်မှ ၃ ဦးသေကာ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး Vigo ကား ၂ စီးပျက်စီးသွားခဲ့ကြောင်း ကျားဖြူစစ် ကြောင်း ၏ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ပြော ကြားသည်။

ယင်းတိုက်ပွဲ ၃ ပွဲတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက် အကျအဆုံးမရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article