28 C
Yangon

ထန်းတပင်မြို့နယ်၊ ပိန်ကျော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦးသေဆုံး

Must read

ထန်းတပင်မြို့နယ်၊ ပိန်ကျော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ပိန်ကျော် (ပင်ကျော်) ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထန်းတပင်မြို့နယ်၊ ပိန်ကျော် (ပင်ကျော်) ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး သေဆုံးကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်အရှေ့ပေါက်ကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ပိန်ကျော်ရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းကျရောက်ကာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ဝင်းနိုင်နှင့် ဝင်းလှိုင်တို့ ညီအစ်ကို ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန် အမျိုးသမီးတစ်ဦးမှာလည်း အရေးပေါ်အခြေအနေနှင့် ဆေးကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ပိန်ကျော်ရွာထဲသို့ကျရောက်ပေါက်ကွဲပြီး လူသုံးဦးခန့်ထိခိုက်ခဲ့ရာ ဘဦးရွှေသီးသား နှစ်ဦးဖြစ်သူ ကိုဝင်းနိုင်နှင့် ကိုဝင်းလှိုင် မှာပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ကျန်တစ်ဦးမှာ မိန်းကလေးဖြစ်ပြီး ဆေးရုံမှာအရေးပေါ်အခြေအနေလို့သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

သေဆုံးသူ ၂ ဦးသည် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်သူများဖြစ်ကြပြီး ရွာသို့ ခေတ္တပြန်လာစဉ် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article