35 C
Yangon

စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာမှ PDF ရဲဘော် ၅ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်

Must read

စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာမှ PDF ရဲဘော် ၅ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာမှ PDF ရဲဘော် ၅ ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်တပ်က ထန်းတောဆိပ်ကျေးရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး ထန်းတောဆိပ်ကျေးရွာမှ ပကဖ ရဲဘော် ၅ ဦးကို ရက် ရက် စက်စက် ခေါင်းဖြတ်သွားခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လ ၂၃ ရက်နေ့တွင်မှ ဒေသတော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းစဥ် စစ်တပ်က သတ်ဖြတ် ခဲ့သော ရဲဘော် ၅ ဦး၏ ရုပ်အလောင်းများကို ပြန်တွေ့ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ရဲဘော် ၅ယောက် ခေါင်းဖြတ်သတ်ခံထားရတဲ့ အလောင်းတွေ မနေ့ကမှ နယ်မြေရှင်းလင်းရင်းတွေ့တယ်။ ရဲဘော် ၅ ဦးကို သတ် သွား တဲ့ စစ်ကြောင်းက ၀က်လက်မြို့နယ် ဘုရားပြန်ရွာဘက် ဒီနေ့ရောက်ရှိသွားပါတယ်။ စစ်တပ်က ထန်း‌တောဆိပ်မှာ တစ်ညအိပ်တယ်၊ ထန်းတောဆိပ်ရှေ့က သဲနုပုံရွာ တစ်ည ညအိပ်ပြီး မနေ့က ၀က်လက်ခြမ်းဘက်အခြမ်း ထွက်သွားတာ” ဟု စစ်ကိုင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် စစ်တပ်က စစ်ကြောင်းထိုးစဉ် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှ ပြည်သူ များကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပြီး ရွာတိုင်းနီးပါးမှ ပြည်သူများ ဖမ်းဆီးခံရ ကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်သူ အရေအတွက် မသိရှိရသေးဘဲ ပြည်သူ များ ၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article