35 C
Yangon

ကော့သောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ကော့သောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကော့သောင်းမြို့ နယ်၊ မလိဝမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အင်အား ၅ဝ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကော့သောင်းမြို့ နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ လာနိုင်ခဲ့ကြောင်း သိရှိရသည်။

ကော့သောင်းမြို့ နယ်အတွင်းရှိ ပြည်သူလူထုကို ခြိမ်းခြောက်ကာ ဒုက္ခပေးနေသည့် စစ်ကောင်စီ တပ်သားများ၊ ရဲတပ်သားများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးထောက်တိုင်များ၊ ပျူစောထီး နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူများကို ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article