25 C
Yangon

ဘီးလင်းမြို့နယ်၊ ရွှေသံလွင် တိုးဂိတ်ဟောင်း စစ်ဆေးရေးဂိတ်နှင့် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

Must read

ဘီးလင်းမြို့နယ်၊ ရွှေသံလွင် တိုးဂိတ်ဟောင်း စစ်ဆေးရေးဂိတ်နှင့် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေသံလွင် တိုးဂိတ်ဟောင်းနှင့် ကင်းပုန်းစစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၇ နာရီခန့် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်း မပေါ်ရှိ ရွှေသံလွင် တိုးဂိတ်ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရွှေသံလွင် တိုးဂိတ်ဟောင်းအနီး ဒေါက်ရပ်ကျေးရွာသို့ ကင်းပုန်းလာချစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် သား ၃ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို သထုံခရိုင်၊ တပ်မဟာ ၁ ၊တပ်ရင်း ၂ KNLA / PDF တပ်ခွဲ ၂ ၊ တပင်ရွှေထီး စစ် ကြောင်း ၊ တောကျီးကန်းစစ်ကြောင်း ၊ ပကဖ ၊ Drone Team၊ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း အဆိုပါ ကင်းပုန်းအကြမ်းဖက်စစ်သားများကို KNLA ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article