Khit Thit သတင်းဌာန၏ ဩဂုတ် ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်အာဏာရှင် မကြာခင်ပြုတ်ကျတော့မယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက လက်ခတ်တောင်စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုထံ သတင်းစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
– တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ တစ်ပတ်အတွင်း အသက် ၇၂ နှစ်အရွယ် အဘွားတစ်ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူတွေဆီက သိရပါတယ်။
– မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်သား ၂၃ ဦးသေသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
