25 C
Yangon

ကွတ်ခိုင်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိ

Must read

ကွတ်ခိုင်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိ

ရန်ကုန်၊ သြဂုတ် ၂၆

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီကစတင်ကာ ကွတ်ခိုင်မြို့နယ်တွင် အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ ညနေ ၆ နာရီအထိ လုံဆွေရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကား ၁၆ စီးဖြင့် စစ်သား အပြည့် တင်ဆောင်ကာ လက်နက်ပစ္စည်းများ အပြည့်အစုံဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို ထွက်ခွာလာစဉ် လုံဆွေရွာအနီးတွင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ ၅ တပ်ရင်း ၃၃၅ နှင့် ထိပ်တိုက်တွေ့ပြီး နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း​ဖြစ်ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း TNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း၊ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article