Khit Thit သတင်းဌာန၏ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီတပ်အတွင်းမှာ တပ်ရင်းမှူးအများအပြား စစ်တိုက်ဖို့ အမိန့်ကို ငြင်း ဆန် မှုကြောင့် အဖမ်းခံထားရပြီး ခမရ ၃၀၁ က တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်းကို စစ်မိန့် ဖီဆန်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ CDM အရာရှိတချို့ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင် ကနေ တရားဝင် သတင်း ထုတ်ပြန် ထားပါတယ်။
– ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ် နဲ့ TNLA တပ်ဖွဲ့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေး ဌာနကနေ ထုတ်ပြန်ထားပါတယ်။
– မန္တလေးမြို့မှာ ဆိုင်ခန်းတိုင်း CCTV ကင်မရာတွေကို အတွင်း၊ အပြင် ၄ လုံး မဖြစ်မနေ တပ်ဆင်ဖို့ နဲ့ CCTV မတပ်တဲ့ ဆိုင်ခန်းတွေကို လိုင်စင်ထုတ်မပေးဘဲ အရေးယူမယ်ဆိုပြီး အကြမ်းဖက် စစ်တပ် က ခြိမ်းခြောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။