ကနီမြို့နယ်ရှိ ပန်းတိမ်ပြင်ရွာ၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ သိမ်ဇရပ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပန်းတိမ်ပြင်သစ်ကွင်းမှ သစ်များကို ခိုးထုတ်နေယူရန် တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerrilla Army တပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီမိနစ် ၅၀ အချိန်မှ စတင်ပြီး ကနီမြို့နယ် ၊ ပန်းတိမ်ပြင်ရွာ သစ်ကွင်းမှ သစ်များ ခိုးထုတ်ယူရန် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်း မှ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ ဖြစ်ကြသော Fighter Brotherhood Guerrilla Army ၊ Salingyi Border Task Force (SBTF)၊ Eagle Defense Force(EDF) ၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ် (MRDA ရင်း ၆ ခွဲ ၁ ) ၊ မဲမှောင်ပြောက်ကျား တပ်ဖွဲ့ ၊ နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ ယက္ခညီနောင်၊ တောသားကြီး ပြည်သူ့ကာကွယ် ရေးတပ် ၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ် နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော ခရိုင်ရင်း ၃၀ DRPA ၊ Black Shadow (ရင်း ၃၀ ခွဲ ၄) ၊ Black Team (ခရိုင်ရင်း ၂၇ ခွဲ၄) ၊ Black Vote Fighter ၊ Brother Defence Force၊ ဝဂ်ပါ ၊ ဒေါင်မင်းစစ်ကြောင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ စစ်ရေးအရှိန်ကို ထိထိရောက်ရောက် မြှင့်တင်တိုက်နေ ပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းကူညီပေးကြပါရန် Fighter Brotherhood Guerrilla Army ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစု ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ က ထုတ်ပြန်ထားသည်။
ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးရပ်ကွက်၊ ရွာလေးသင်္ချိုင်းအထွက်လမ်းဆုံ၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရသည်။
ဩဂုတ်လ ၂၄ ရက် ည ၉ နာရီခန့်က သိမ်ဇရပ်မြို့၊ အမှတ် ၁ ရပ်ကွက်အပိုင်၊ ရွာလေးရပ်ကွက်မှ တဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသော သိမ်ဇရပ်အခြေစိုက် ၂၀၇ တပ်ရင်းနှင့် ပျူစောထီး ပူးပေါင်း စစ် ကြောင်း အင်အား ၃၀ ခန့်ကို ရွာလေးသင်္ချိုင်းအထွက် လမ်းဆုံ၌ တိုက်မိုင်းဆင်ပြီးတိုက်ခိုက်ခဲ့ရာ ၂၀၇ တပ်ရင်းမှ တပ်သား ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး၊ ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် အကြမ်းဖက်စစ်အာဏာရှင် ကျဆုံးသည်အထိ ဆက် လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက် ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ၊ ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။