31 C
Yangon

ဆားလင်းကြီး၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် အလုပ်လုပ်ရန် သွား ရောက် ရင်း ဖမ်းဆီးခံရသူ ၁၄ ဦးတွင် ၁၃ ဦးမှာ ပျူစောထီးများမဟုတ်ဘဲ စက်ရုံ တွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရသူများဟု မိဘဆွေမျိုး များပြောဆို

Must read

ဆားလင်းကြီး၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် အလုပ်လုပ်ရန် သွား ရောက် ရင်း ဖမ်းဆီးခံရသူ ၁၄ ဦးတွင် ၁၃ ဦးမှာ ပျူစောထီးများမဟုတ်ဘဲ စက်ရုံ တွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရသူများဟု မိဘဆွေမျိုး များပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် သွားရောက်အလုပ်လုပ်ရန် သွားရောက်ရင်း ဖမ်းဆီးခံရသူ ၁၄ ဦးအနက်မှ ၁၃ ဦးမှာ ပျူစောထီး ပြည်သူ့စစ်များမဟုတ်ဘဲ စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခံရသူများ ဖြစ်ကြောင်း မိဘဆွေမျိုးနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန် စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ပူးတွဲဆောင်ရွက်နေသော တရုတ်၊ ဦးပိုင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် စစ်တပ်လက်အောက်ခံ ပျူစောထီး ပြည်သူ့စစ် ၁၄ ဦး ဖမ်းဆီးရမိကြောင်း၊ တရုတ်ဝမ်ပေါင်ကြေးနီ စီမံကိန်း တွင် စစ်သား အဖြစ် တာဝန်ထမ်းရန် လာရောက်စဉ် ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်း၊ သာပေါင်းဒေသခံများဖြစ်ကြောင်း Chindwin Galone Yarzar Guerrilla Defense Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

“ပြည်သူ့စစ် ပျူစောထီးက ၁ ဦးပါတယ်။ ကျန်တဲ့ ၁၃ ဦးက လူငယ်တွေပါ။ ပျူစောထီးတွေလည်းမဟုတ်ဘူး။ ရွာမှာ အလုပ်အကိုင်မရှိလို့ စက်ရုံမှာ အလုပ်ရ မယ်ဆိုပြီး ခေါ်သွားတာ။ ရွာမှာ လယ်အလုပ်ပဲ ရှိတာပါ။ ကိုယ်စိုက် တဲ့ ဆန်ကိုယ်တောင် ဈေးကြီး ပြန်ဝယ်စားနေရတဲ့ အဖြစ်မှာ ။ ရွာမှာ လုပ်ကိုင်စား သောက်ရတဲ့အခြေအနေက တစ်နေ့လုပ်စာက တစ်နပ်စားဖို့ တောင် မရတဲ့ အခြေအနေတွေပါ။ မိသားစု ဝမ်းရေးတောင် မနည်းဖြေရှင်းရ ကျန်မားရေးဖြစ်လာရင် ဆေးထိုးဆေးသောက်စရာတောင် မရှိတဲ့ အခြေ အနေတွေမို့ တစ်လ သုံးသိန်းနဲ့ အလုပ်ခေါ်တယ်ဆိုလို့ သွားကြတာပါ။ စက်ရုံ လုံခြုံရေး အလုပ်ဆိုလို့ သွားကြတာပါဗျာ။ ဒီအထဲမှာ ပြည်သူ့စစ် လုပ်ဖူးတဲ့ တစ်ယောက်ပါသွားတာပါ။ ကျန်သူတွေကတော့ ဒီအတိုင်းရိုးရိုးသားသား ရှာဖွေ စားသောက်နေသူတွေပါဗျာ။ လူငယ်တွေရဲ့ မိဘတွေဆိုရင် စိတ်ပူပြီး အိပ်ရာထဲ လဲနေကြပြီ” ဟု ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသူများသည် သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာနှင့် ကွမ်းခြံကုန်းကျေးရွာမှ ဒေသခံများဖြစ်ကြပြီး ရန်ကုန်ခေတ် သတင်းဌာနထံသို့ မိဘနာမည်များ၊ ၎င်းတို့ နာမည်များကိုပါ မိဘဆွေမျိုးများက ပေးပို့လာသည်။

“ကလေးတွေကို စစ်မေးရင်လည်း သိမှာပါ။ ပျူစောထီး ပြည်သူ့စစ်တော့ မဟုတ်ဘူး။ ဒါပေမယ့် ခေါင်းဆောင်ပြီး ခေါ်သွားတာက ပြည်သူ့စစ် ပျူစောထီး ဟုတ်တယ်။ သူက လိမ်ခေါ်သွားတဲ့သဘော။ လုံခြုံရေးလုပ်ရမယ်ဆိုပြီး ခေါ် သွား တာ။ နိုင်ငံခြားကုမ္ပဏီမှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ” ဟု ဖမ်းဆီးခံရ သူ လူငယ်တစ်ဦး၏ ဦးလေးဖြစ်သူက ဆိုသည်။

ဖမ်းဆီးခံထားရသူ ၁၃ ဦးတွင် ငဝန်ကြို့ကုန်းကျေးရွာမှ ကိုမင်းမင်း၊ ကိုကျော်ဦး၊ ကိုစိုင်းရဲကျော် ကိုစိုးသူရ၊ ကွမ်းခြံကုန်းကျေးရွာမှ ကိုသက်ပိုင်ကျော်၊ ကိုဇင်ကိုဦး၊ ကိုအောင်မြတ်သူ၊ ကိုမောင်မောင်၊ ကိုဝေလင်းထိုက်၊ ကိုဉာဏ်လွင်ဖြိုးတို့ ပါဝင်ကြောင်း၊ ကျန် ၃ ဦးမှာလည်း ဘေးပတ်ဝန်းကျင်ရွာများမှ အလုပ်လိုချင်သူ လူငယ်များဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article