26 C
Yangon

အကြမ်းဖက်စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ် နေပြီး ဒုတိယဗိုလ်မှူးကြီးများ ၊ ဗိုလ်ကြီးများနှင့်တပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

Must read

အကြမ်းဖက်စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ် နေပြီး ဒုတိယဗိုလ်မှူးကြီးများ ၊ ဗိုလ်ကြီးများနှင့်တပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

ရန်ကုန်၊ ဩဂုတ် ၂၇

အကြမ်းဖက်စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ် နေပြီး ဒုတိယဗိုလ်မှူးကြီးများ ၊ ဗိုလ်ကြီးများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးစီးပွားအာဏာအတွက် တိုင်းပြည်ကို ဖျက်ဆီး နေသည့် စစ်ကောင်စီတပ်မှာ အထက်အောက်ဖိနှိပ်ရက်စက်မှု၊ အဂတိ လိုက် စား ခေါင်းပုံဖြတ်မှု၊ တပ်တွင်းမညီမျှမှုတွေကြောင့် အချင်းချင်း ရဲဘော် ရဲဘက် စိတ် ကင်းမဲ့ပျောက်ဆုံးလာကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက် ပိုင်းမှာ စစ်ကောင်စီတပ်တွင်းက အထက်အောက်မကျေနပ်မှု အကွဲအပြဲများ အဆမ တန် များပြားလာခဲ့ပြီး တပ်ပျက်နေသည့် အခြေအနေဆီသို့ ဦးတည် လာ ကြောင်း၊ စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့က တော်လှန်ရေး အင်အားစု များ၏ ခုခံ တိုက်ခိုက်မှုများကြောင့် စစ်ရေးအထိအခိုက် အကျအဆုံးများလာခြင်း၊ စစ်ရေး အမိန့်ဖီဆန်မှုတွေ များလာခြင်း၊ တပ်အတွင်းမှာ အထက်အောက် နှိပ်စက် အနိုင်ကျင့်ခြင်း၊ အထက်အောက်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ် သတ် ဖြတ်မှုများဖြင့် တပ်တွင်းပြိုကွဲမှုများ များပြားလာကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ခမရ ၅၅၃ ရှေ့တန်းတပ်စခန်းမှ တပ်သားများသည် မူးယစ်သောက်စားပြီးနောက် တပ်သားချမ်းအောင်သည် ၎င်းကိုင်ဆောင်ထား သည့် သေနတ်ဖြင့် တပ်သားဇော်လွင်အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ တပ်ရင်းတွင် တပ်သားတစ်ယောက်က သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် တပ်ခွဲမှူး ဗိုလ်ကြီးအောင်မျိုးသူ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ပြင်ဦးလွင် အီလက်ထရောနစ် ဆက်သွယ် ရေးကျောင်းမှာ ကင်းသားစစ်သည်က အထက်အောက် ဖိနှိပ်မှုများ ကို သည်းမခံနိုင်သဖြင့် ဒုကျောင်းအုပ်ကြီးဖြစ်သူ ဒုဗိုလ်မှူးကြီးကျော်သူစိုးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ၊ထို့ပြင် ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ဗျူ ဟာ အဖွဲ့အခြေချ မတူပီရှိ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်၏ ဖိနှိပ်ခေါင်းပုံဖြတ်အနိုင်ကျင့်သည့် လုပ်ရပ်များကို မကျေနပ်သည့် အဆိုပါ ဗျူဟာမှူးခရီးစဉ်ကို CDF (Matupi)ထံ ပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် မေလ ၅ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် မတူပီမြို့မှ အပြန်လမ်းကြောင်းတွင် ခြုံခို တိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စိုးမင်းလတ်နှင့် အင်ဂျင် နီယာ ဗိုလ်ကြီး ၁ ဦးတို့ သေဆုံးခဲ့ကာ လုံခြုံရေးတပ်စုမှူး ဗိုလ်ကြီးဝင်းရွှေ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ခမရ ၅၅၃ မှ တပ်ခွဲမှူးအရာရှိ ဗိုလ်ကြီးတင်မင်းထွဋ် (စတသ-၅၅) က နယ်မြေလုံခြုံရေးကနေ တပ်ရင်းသို့ပြန်ရောက်စဉ် သစ်မှောင်ခိုပိုက်ဆံများ ခိုးယူခံခဲ့ရသဖြင့် တပ်ရင်းရှိစစ်သည်များအား စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ၎င်း ၏ လက်အောက်မှ တပ်စိတ်မှူးဖြစ်သူ တပ်ကြပ်မင်းမင်းစိုးကို ခိုးယူသည်ဟု သံသယ ဖြင့် ကန်ကျောက် ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အချင်းချင်းပစ်ခတ်မှုကြောင့် သေဆုံးသည့် တပ်သားတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article