28 C
Yangon

ဝမ်းတွင်းတွင် PDF စခန်းကို စုံစမ်းနေသည့် တပ်ဖွဲ့ကို ဖမ်းဆီးရာမှ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ စစ်ဗိုလ် ၂ ဦး ဒဏ်ရာရ

Must read

ဝမ်းတွင်းတွင် PDF စခန်းကို စုံစမ်းနေသည့် တပ်ဖွဲ့ကို ဖမ်းဆီးရာမှ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ စစ်ဗိုလ် ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၇

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒေါင့်အိုင်ကျေးရွာအနီး တောတွင်း တစ်နေရာ တွင် PDF စခန်းကို လိုက်လံစုံစမ်းနေသည့် စစ်ဗိုလ် ၂ ဦးနှင့် ပျူစောထီး ၂ ဦး ကို ဖမ်းဆီးရာ ပြန်လည် ခုခံသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦး သေဆုံးကာ ဗိုလ် ၂ ဦးဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဝမ်းတွင်းမြို့နယ် အနောက် ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (WTRF) ကို လိုက်ရှာနေသည့် အကြမ်း ဖက် စစ်တပ်မှ ဗိုလ် ၂ ဦးနှင့် ပျူစောထီး ၂ ဦးကို စောင့်ကြို ဖမ်းဆီးရာ စစ် ဗိုလ် ၂ ဦးက ၎င်းတို့ပါလာသည့် ပစ္စတိုသေနတ်များဖြင့် ပြန်လည် ခုခံထွက် ပြေးသွား ကြောင်း၊ သို့ရာတွင် ပျူစောထီး ၂ ဦးမှာမူ ကျည်ထိမှန်သေဆုံးခဲ့ပြီး စစ်ဗိုလ် ကောင်းမြတ်ဇော်တွင် သေနတ် မှန် ဒဏ်ရာ ၂ ချက်၊ ကျန် စစ်ဗိုလ် တစ်ဦးတွင် ဆူးခြစ်ဒဏ်ရာများ အသီးသီးရရှိကာ လွတ်မြောက်သွားကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့လာကြတာ၊ ဆိုင်ကယ်ကို တနေရာမှာ ထားခဲ့ပြီးတော့ တောထဲကို ခြေလျင်လိုက်ရှာတာ၊ ကြွက်ထောင်သွားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့၊ အရပ်သားပုံစံ ဟန်ဆောင်ထားတာ၊ ဗိုလ် ၂ ယောက်မှာက ပစ္စတို တစ်ယောက်တစ်လက်နဲ့၊ ပျူ ၂ ယောက်မှာက ဘာမှ မပါဘူး၊ လောက်လေးနဲ့ လွယ်အိတ်ပဲ ပါတယ်၊ ဗိုလ်တစ်ဦးကတော့ ဆူးခြစ်ရာ၊ ဆူးရှရာ ဗရပွနဲ့၊ တစ်ဦးကတော့ သတင်းဖုံးပြီး ကုသနေတယ်၊ မသေဘူးလို့ သိရတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးအလောင်းများကို မိတ္ထီလာမှ စစ်ကူကား ၃ စီးဆင်းလာပြီး ရွှေတောင် ရဲစခန်း၊ ဝမ်းတွင်းရဲစခန်း၊ ပင်းတလဲရဲစခန်းတို့က အင်အားဖြင့် အကုန်ကွင်းဆင်းပိတ်ဆို့ကာ လာရောက် ကောက်ယူသွားကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းသို့ မန္တလေးတိုင်း တိုင်းမှူးကိုယ်တိုင် မကြခဏ ကွင်း ဆင်း လာကာ Wundwin Township Revolution Force တပ်ဖွဲ့သတင်းကို သိရှိနိုင်ရန် ဖိအားပေးစေခိုင်းနေကြောင်း၊ သို့သော် လည်းသဲလွန်စ ပင်မရရှိသ ဖြင့် နေရာအနှံအုပ်စုခွဲကာ အရပ်သားပုံစံအမျိုးမျိုးဖြင့် လိုက်လံရှာဖွေနေ သည်မှာ ၁၈ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းတို့လာရာလမ်းကို မိုင်းထောင် တိုက် ခိုက်ရန် ပြင်ဆင်ခဲ့ သော် လည်း ပြည်သူများကို ထိခိုက်မည်စိုးရိမ်သဖြင့် အကြမ်းဖက်စစ်အုပ်စုများ ကျော်သွားပါကပြန်လည် ဖြုတ်သိမ်းယူခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျွန်တော်တို့ကမိုင်းထောင်ထားရင်လည်း သေချာစောင့်ကြည့်ပြီးလုပ်တာပါ ပြည်သူကို ထိမှာစိုးလို့ ဒီ တိုင်း ထောင်ပြီးထားခဲ့တာမျိုးလုံးဝမလုပ်ပါဘူး။ ဒီစကား ကိုဘာလို့ပြောရလဲဆို စကစဟာ ကျွန်တော် တို့ ကိုနာမည် ဖျက်ဖို့ အမျိုးမျိုး လုပ်လာနိုင်တာကြောင့်မို့ပါ၊ ဒါပေမယ့် မိတ္ထီလာလို စစ်ထောက်ခံ တဲ့သူများပြီး တပ်ပေါင်း ၄၀ ကျော်ရှိတဲ့ မြို့နားမှာရှိနေပေမယ့် ကျွန်တော်တို့ ဝမ်းတွင်းမြို့နယ်ကပြည်သူတွေဟာ အရမ်း သတ္တိရှိကြပါတယ်၊ တော်လှန်ရေး ရဲ့ဒဏ်ကိုလည်းအတော်လေးခံရပါတယ် ပြီးတော့ တော်လှန် ရေး ပါး နပ် မှုလည်းရှိနေကြပြီ၊ မပြောသင့်တာကိုမပြောဘူး တော်ရုံဆိုမမြင်ချင် ယောင် ဆောင် ပေးသွားတယ်။ ကာပေးသွားတယ် သူတို့သိသွားတဲ့အရာတွေဆို အခြားသူ နားကို လုံးဝရောက်မသွားဘူး။ ကိုယ့်မိသားစု ဝင်တွေကို တောင် ပြန်မပြောကြဘူး။ ဒီလိုပြောနိုင်တာဟာ အများကြီးကြုံခဲ့ဖူးလို့ပါ ကျေးဇူး တင်ပါတယ် လို့လည်း ပြောချင်ပါတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။

ဝမ်းတွင်းမြို့နယ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်တိုင်း ပြည်သူများကို စစ်တပ်က ဖမ်းဆီးငွေညှစ်ခြင်း၊ မီးဖြတ်ခြင်း၊ ဆိုင်ကယ် နှစ်ဦးမစီးရဟုဆိုတာ ကန့်သတ် ချုပ်ချယ်သည့်အပြင် တစ်ဦးတည်းစီးပါကလည်း အပြစ် မရှိ အပြစ်ရှာခြင်း၊ ဆိုင်ကယ်ပေါ်၌ အထုပ်ပါလာပါက ကားလမ်းပေါ်တွင် ဝမ်းလျားမှောက် စစ် ဆေးခြင်း၊ ဖားခုန်၊ ထိုင်ထ လုပ်ခြင်း၊ ညနေ ၆ နာရီကျော်ပါက အပြင်မထွက် ရဟုဆိုကာ ကန့်သပ်ချုပ်ခြင်းတို့ ဖြင့် ပြည်သူလူထုအပေါ် စစ်တပ်က ညှင်း ပန်း နှိပ်စက်လျက်ရှိကြောင်း သိရသည်။

“သူတို့က ဘာလို့ ဒီလိုလုပ်တာလဲဆိုတော့ ပြည်သူတွေ တော်လှန်ရေး စိတ်မရှိ ကြတော့ပဲ၊ စားဝတ်နေ ရေးဘက်ကို လှည့်သွားအောင်လုပ်တာ၊ ကျနော်တို့ ကြောင့် ဒီလိုဖြစ်ရတာဆိုတာမျိုး ဖန်တီးချင်တာ၊ ဒါပေမယ့် ကျနော်တို့ ဝမ်း တွင်း မြို့နယ်က လူထုဟာ အခုထိသွေးကြောင်မသွားကြပါဘူး” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- ဝမ်းတွင်းမြို့အဝင်မှ စစ်ဆေးရေးဂိတ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article