32 C
Yangon

ဝက်လက်ရှိ ကျီးကန်‌ မြောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်

Must read

ဝက်လက်ရှိ ကျီးကန်‌ မြောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်

■ ပြည်သူပိုင် ပစ္စည်းများ၊ ရွှေနှင့် ငွေကြေးများကိုလည်း စစ်သားများက ခိုးယူသွား

ရန်ကုန်၊ သြဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျီးကန်‌ မြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ရွာသာကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် ကျီးကန်‌မြောက်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးထံမှ ငွေကျပ် ၅၁၅ သိန်းနှင့် ပြည်သူ ၁ ဦးထံမှ ငွေကျပ် ၄ သိန်းနှင့် ရွှေဆွဲကြိုး ၁ကုံး ၊ဖုန်းအလုံး ၂၀ ထက်မနည်း ယူဆောင်သွားပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးသွားသော ပြည်သူ ၄ ဦးကို ကျီးကန်မြောက်ရွာနှင့် လှတောရွာ အကြား သက်ရက်ခြံထဲတွင် ဖမ်းဆီးလာသည့် အမျိုးသမီး ၁ ဦးကို စစ်သားများက မုဒိမ်းကျင့်ကာ လည်ပင်းကို ဓားဖြင့် လှီးသတ်ခဲ့ပြီး ကျန်အမျိုးသား ၃ ဦးကိုလည်း လည်ပင်းကိုဓားဖြင့် လှီးသတ်ခဲ့ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လှတောရွာကို ဝင်ရောက် သွားကြောင်း သိရှိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လှတောရွာ အရှေ့ဘက်ကို ထွက်လာပြီး ပင်းဇင်းရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး ဝက်လက်မြို့ထဲသို့ ပြန်ဝင်သွားကြောင်း သိရသည်။

Photo – Wetlet Informational Network

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article