21 C
Yangon

အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း)မှ ဒုတပ်ရင်းမှူး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ည ၁၀ နာရီခွဲခန့်က မူးရူးသောက်စားကာ အိပ်ပျော်နေသော ငွေတွင်း ကျေးရွာ စခန်းကို ဒရုန်း ၂ စီးဖြင့် ၄ ကြိမ်ပျံသန်းကျဲချခဲ့ရာ ပျူစောထီးများအိပ်နေရာ ပင်မဆောင်ခေါင် မိုးပွင့် ထွက်သွားပြီး ထပ်မံဗုံးကျဲချမှုကြောင့် အိပ်ပျော်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိ မှန်သေဆုံးကာ အဆောက်အအုံအတွင်းပိုင်းပါ ပျက်စီးခဲ့ပြီး ၃၀ ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိ ကြောင်း သိရသည်။

“အင်အား ၃၀ လောက်သေတယ်၊ ဘာကြောင့် အဲလောက်သေရလဲဆိုတော့ သူတို့ မူးရူးသောက်စားပြီး တော့ ပျူစခန်းရဲ့ ပင်မဆောင်ထဲမှာ အိပ်သွားတာ၊ ကျနော်တို့ကလည်း သူတို့အိပ်တဲ့အချိန်ကို စောင့်နေ တာ၊ အဲဒီပင်မဆောင်ကို အချလိုက်တယ်၊ ပင်မဆောင်ထဲမှာ ဝရုန်းသုန်းကားနဲ့ ၂၀ ကျော်လောက်သေ သွားတာ၊ တစ်ချို့တွေက ဘန်ကာတွေထဲ ဝင်ပြေးတာ၊ အဲဒီဘန်ကာတွေထဲကို ထပ်ချခဲ့တာ၊ ဘန်ကာ ထဲမှာလည်း ၄ ကောင်ထပ်သေတယ်၊ အဲဒါတွေကြောင့် စုစုပေါင်း ၃၀ လောက်ဖြစ်သွားတာ၊ ဒဏ်ရာရ တာလည်းများတယ်၊ ဒဏ်ရာရနေတဲ့သူတွေကိုတော့ အရာတော်ဆေးရုံမှာ ဆေးကုနေတယ်လို့ သတင်း ရထားတယ်၊” ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း)မှ ဒုတပ်ရင်းမှူး က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့မှဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါး နီတပ်ရင်း)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagles Guerilla Force (ဗိုလ်ကောက်ရိုးအဖွဲ့)၊ ဆားတောင် မိုး ကြိုး (Local PDF)၊ Lighting drone force၊ အောင်သပြေ LPDF ၊ မင်းရွာကြီး MRTF LPDF ၊ မိုးညို LPDFတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ချတာက တစ်ခါချရင် ၂ လုံးကို အပေါ်အောက်တပြိုင်တည်းချတာ၊ ပထမ တစ်လုံးကခေါင်း မိုးကို ဖောက်ဝင်သွားတယ်ဆိုရင် နောက်ကတစ်လုံးက အဲဒီဖောက်ဝင်သွားတဲ့နေရာကနေက အထဲကို ကျပြီးပေါက်ကွဲတာ၊ စက္ကန့်က ဘယ်လောက်မှ မခြားဘူး၊ ရှေ့ဆင့်နောက်ဆင့်ပုံစံမျိုးသွားတာ၊ ကျနော် တို့ဗုံးသီးက တစ်ပိဿာခွဲလောက်ရှိတော့ တော်ရုံတန်ရုံလေလောက်နဲ့ နေရာပြောင်းမသွားနိုင်ဘူး၊ အဲဒါကြောင့် အထဲမှာ အိပ်ပျော်နေတဲ့ကောင်တွေ အများကြီးသေသွားတာ” ဟု ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း)မှ ဒုတပ်ရင်းမှူး က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article