Khit Thit သတင်းဌာန၏ ဩဂုတ် ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့ သွား ရောက်စဉ် PDFတွေရဲ့ ဖမ်းဆီးခံလိုက်ရသူတွေဟာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင် ခံရသူ တွေဖြစ်တယ်လို့ မိဘဆွေမျိုးတွေကပြောပါတယ်။
-အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်ဆံရေးထူထောင်ပြီး NUG ဝန်ကြီးတွေကို လက်ခံတွေ့ဆုံခဲ့ တဲ့အတွက် မြန်မာနိုင်ငံရှိ တီမောသံရုံးကို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စစ်ကောင်စီက နှင်ထုတ်ခဲ့ တယ်လို့ သိရပါတယ်။
-အကြမ်းဖက် မင်းအောင်လှိုင်က ယူနိုက်တက် အမရာ UAB ဘဏ်ပိုင်ရှင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို ဒေါ်လာကိစ္စမရိုးမသားလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်စစ်ဆေးနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း ရန်ကုန် UMFCCI မှ စီးပွားရေးသမားတွေဆီကနေ သိရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
