24 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရေကူးကန်ရှိ ခမရ ၃၄၃ စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရေကူးကန်ရှိ ခမရ ၃၄၃ စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်း ရေကူးကန်၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခမရ ၃၄၃ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ ကြောင်း နဂါးဖြူစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် မှ ညနေ ၅ နာရီခွဲအထိ နှစ်နာရီ ကျော်ကြာ အဆိုပါအကြမ်း ဖက်စစ် တပ်စခန်းကို ပြောက်ကျား နည်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေ ဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ် မှုကြောင့် ကမိုင်ကုန်းရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပြောက်ကျားစနစ်နဲ့ဝင်တိုက်ခဲ့တာပါ၊ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်တာကို ကျနော်တို့ ရဲဘော် တွေရှိတဲ့နေရာပဲ ပစ်တာမဟုတ်ပဲနဲ့ ရွာတွေဘက် ကိုရော တောက်လျှောက် ရမ်းသမ်းပစ်တာ၊ အဲဒါ ကြောင့် တိုက်ပွဲနဲ့ မဆိုင်တဲ့ ပြည်သူတွေထိတာ၊ ကျနော်တို့ ရဲဘော်တွေထဲက ကျားဖြူစစ်ကြောင်းက ရဲဘော်တစ်ဦး လက်မှာ ဒဏ်ရာရခဲ့တယ်၊” ဟု နဂါးဖြူစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို KNU/KNLA တပ်ရင်း ၁၈ ၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူ စစ်ကြောင်းတို့ ပူးပေါင်း ကာ ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ် မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများ လုံးဝ ခြေ ချ ခွင့်မရစေရန် အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို ထိုးစစ်စနစ်ဖြင့် ဖြစ်စေ၊ ပြောက်ကျားတိုက်ခိုက်ခြင်းဖြင့်ဖြစ်စေ၊ ဒရုန်းဖြင့် ဖြစ်စေ ရရှိနည်းလမ်းဖြင့် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း နဂါးဖြူစစ်ကြောင်း ထံမှ သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲဝင်နေစဉ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲဝင်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article