27 C
Yangon

ဖယ်ခုံတွင် စစ်တပ်က ပစ်သတ်ခဲ့သော အမျိုးသားအလောင်း ပြန်ရရေးနှင့် ဖမ်းဆီးထားသော ဇနီးဖြစ်သူ လွတ်မြောက်ရေး ဆွေမျိုးများက ငွေကျပ် ၃၅ သိန်းပေး၍ ရွေးယူရ

Must read

ဖယ်ခုံတွင် စစ်တပ်က ပစ်သတ်ခဲ့သော အမျိုးသားအလောင်း ပြန်ရရေးနှင့် ဖမ်းဆီးထားသော ဇနီးဖြစ်သူ လွတ်မြောက်ရေး ဆွေမျိုးများက ငွေကျပ် ၃၅ သိန်းပေး၍ ရွေးယူရ

ရန်ကုန်၊ ဩဂုတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး တောင်ယာ လုပ်ကိုင်နေသော လင်း မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး ဇနီးဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားရာ ဆွေမျိုး သားချင်းများက အလောင်းပြန်လည်ရရှိရေးနှင့် ဇနီးဖြစ်သူ လွတ် မြောက်ရေး ငွေ ၃၅ သိန်း ပေး၍ ရွေးယူခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက်၈ နာရီခန့်အချိန် ဖယ်ခုံမြို့နယ်၊ ကုန်းစုံကျေးရွာ တွင် နေထိုင်သော အသက် ၃၁ နှစ် အရွယ် အမျိုးသား နှင့် ၂၈ နှစ်အရွယ် အမျိုးသမီး လင်မယားတို့သည် ခေါင်းအိကျေးရွာနှင့် စက်တော်ရာ ကျေးရွာ အကြားရှိ တောင်ယာသို့သွားရောက်ကာ ပြောင်း စိုက်ပျိုးရန် မြေများရှင်း လင်းနေကြောင်း၊ ထိုအချိန် စက်တော်ရာတောင်မှ ဆင်းလာသော အကြမ်းဖက် စစ်သား ၅ ဦးခန့် ရောက်ရှိလာကာ မည်သည့်အကြောင်းပြချက် မရှိဘဲ သေနတ် ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသားဖြစ် သူမှာ သေနတ် ၆ ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ အမျိုးသမီးဖြစ်တွင်လည်း ပုခုံးကျည် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကရင်နီ-ရှမ်းနယ်စပ်ဒေသက စစ်ကောင်စီရဲ့ ယုတ်မာမှုကို အခံရ ဆုံး ဒေသဖြစ်ပါတယ်၊ ဒီလိုဖြစ်စဉ်တွေအများကြီးပါ၊ ကျနော်တို့ SHRF အနေနဲ့ အခုလိုလုပ်တာကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်း ဟန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် သေဆုံးအမျိုးသားအလောင်းကို အကြမ်း ဖက် စစ်သားများက သယ် ဆောင်ဆောင်ပြီး အမျိုးသမီးဖြစ်သူကိုလည်း ဒဏ်ရာဖြင့် ၎င်းတို့တပ်စွဲထားရာ စက်တော်ရာဘုရားကုန်း သို့ဖမ်းခေါ်သွား ခဲ့ကြောင်း ရှမ်းလူ့အခွင့်မဏ္ဍိုင်က ပြောသည်။

စစ်တပ်၏ သတ်ဖြတ်မှု ခံရသူ အမျိုးသား၏ ဆွေမျိုးသားချင်းများက အလောင်း ကို ပြန်ပေး ရန်နှင့် ဇနီးအမျိုးသမီးကို ပြန် လွှတ်ပေးရန် အကြမ်းဖက် စစ် ကောင်စီ တပ်စခန်းသို့သွားရောက်တောင်းပန်ခဲ့ရာ ငွေကျပ် ၃၅ သိန်းပေး ပြီး ရွေးယူရန် ပြောဆိုခဲ့သဖြင့် ဩဂုတ်လ ၂၂ ရက်နေ့တွင် ငွေဖြင့် သွားရောက် ရွေးယူခဲ့ရကြောင်း၊ သေဆုံးအ မျိုးသားအလောင်းကို ဩဂုတ်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် ကုန်းစုံကျေးရွာ၌ သင်္ချိုင်းကုန်း၌ သင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article