ကနီ စစ်ဘေးရှောင်ပြည်သူများအတွက် ဟင်းများ လှူဒါန်း
ရန်ကုန်၊ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်သို့ စစ်ဘေးတိမ်းရှောင် နေကြသော စစ်ဘေးရှောင်ပြည်သူ ၉၀၀ ကျော်အတွက် အလှူရှင်များက ဟင်းများ လှူဒါန်းကြကြောင်း သိရှိရသည်။
IDPs Support Group မှတစ်ဆင့် Mu Kon ၏ မွေးနေ့အလှူ အဖြစ် အလှူ ငွေ တစ်သိိန်းငါးသောင်းကျပ် ၊ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ် အင် အားစု က တစ်သိန်းငါးသောင်းကျပ် ၊ဗိုလ်ဆံရှည် ပ.က.ဖ အဖွဲ့မှ မီးဖိုချောင် သုံး စားနပ်ရိက္ခာပစ္စည်း အစုံ အပါအဝင် တော်လှန်ဟင်း အလှူအဖြစ် ဝက်သားနှင့် ကျောက်ဖရုံသီး၊ မျှစ်ဆူးထိုးချက်များ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

