Khit Thit သတင်းဌာန၏ ဩဂုတ် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ညောင်ပင်ဝန်းရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်း ၆ စီး နဲ့ ဗုံးသီး ၁၈ လုံးကျဲချ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ၃ ပွင့်ဗိုလ် တစ်ဦး အပါအဝင် ၁၇ ဦးသေသွားတယ်လို့ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်းရဲ့ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ PDF သတင်းစုံစမ်းရင်းနဲ့ ပစ်ခတ်ခံရပြီး ပျူစောထီး ၂ ဦး သေသွား ပြီးတဲ့နောက် ၊ ဒဏ်ရာ နဲ့ ထွက်ပြေးသွားတဲ့ ၂ ပွင့်ဗိုလ် ကောင်းမြတ်ဇော် ဆိုသူလည်း ၊ ဩဂုတ်လ ၂၇ ရက်နေ့က သေသွားပြီဖြစ်တယ်လို့ Wundwin Township Revolution Force ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– ကရင်ပြည်နယ်၊ ကော့ကရိတ်-မြို့နယ်က ကမိုင်ကုန်း ရေကူးကန်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခမရ ၃၄၃ စခန်းကို KNLA-PDF ပူးပေါင်းတပ်တွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၇ ဦး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။