31 C
Yangon

ထီးချိုင့်မြို့နယ်တွင် လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းလာသည့် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ ပစ္စည်းများကို PDF တပ်ဖွဲ့က သိမ်းဆည်း ရရှိ

Must read

ထီးချိုင့်မြို့နယ်တွင် လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းလာသည့် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ ပစ္စည်းများကို PDF တပ်ဖွဲ့က သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းလာသည့် ဗိုလ်မှူး ချုပ် မြတ်မင်းမိုး၏ ပစ္စည်းများကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝ န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၉ ရက်နေ့က ထီးချိုင့်မြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၁ စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ကုန်ကား များကို စစ် ဆေးနေ စဉ် ကုန်တင်ကားတစ်စီးပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ စစ်တပ် သုံးပစ္စည်းများနှင့်အိမ်သုံးပစ္စည်း များကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဗိုလ်မှူးချုပ် မြတ်မင်းမိုး သည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၏ ဒေသကွပ်ကဲမှု စစ် ဌာန ချုပ်မှူး(ဒကစမှူး) အဖြစ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)သို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင် ရ သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

သိမ်းဆည်းရရှိသော ပစ္စည်းများမှာ –

(၁)စစ်ယူနီဖောင်း အစုံ ၇၀၊

(၂) 5.56 ကျည် (၄၆၅) တောင့်

(၃) လက်ပစ်ဗုံး (၅) လုံး

(၄) ၁၂ ဘီးကား (၁) စီး

(၅) Skynet (၂) လုံး

(၆) ဓာတ်မြေသြဇာ (၁၅၀) အိတ်

(၇) Sony အမျိုးအစား Camera (၁) လုံး

(၈) Fax စာပို့စက် (၁) လုံး

(၉) Jammer အကြီး (၁) လုံး

(၁၀) Jammer အသေး (၁) လုံး

(၁၁) PC Computer (၂) လုံး

(၁၂) TYT ဆက်သွယ်ရေးစက် (၄) လုံး

(၁၃) Inverter (၄) လုံး

(၁၄) Equipment (၁) စုံ

(၁၅) စစ်ဖိနပ် (၃) ရံ

(၁၆) ဆုတံဆိပ် (၆) ခု

(၁၇) TV (၂) လုံး

(၁၈) ကော်ရည်လောင်းစက် (၁) ခု

(၁၉) ကတ်ထရစ် (၂) ခု တို့ကို ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မ တော် (PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article