30 C
Yangon

ကော့ကရိတ်တွင် အရပ်ဝတ်ဖြင့် သွားလာနေသော ခမရ ၃၅၀ မှ တပ်ထောက် ဗိုလ်ကြီးရဲမင်းထွန်းကို ဖမ်းဆီးရမိ၊ ရေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

Must read

ကော့ကရိတ်တွင် အရပ်ဝတ်ဖြင့် သွားလာနေသော ခမရ ၃၅၀ မှ တပ်ထောက် ဗိုလ်ကြီးရဲမင်းထွန်းကို ဖမ်းဆီးရမိ၊ ရေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အရပ်ဝတ်ဖြင့် သွားလာနေသော တပ်ထောက်ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဗိုလ်ကြီးရဲမင်းထွန်းကို ဖမ်းဆီးရမိကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ ကျားဖြူစစ်ကြောင်း ထိန်းချုပ် နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီး ရဲမင်းထွန်း ကို အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာစဉ် မသင်္ကာ ၍စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းထံမှ ဗိုလ်ကြီးရဲမင်းထွန်း ဖြစ်ကြောင်း သက်သေ ခံသည့် ကိုယ်ရေးအကျဉ်း၊ ဗိုလ်ကြီးဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများ ကိုပါ တစ်ပါတည်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော ဗိုလ်ကြီးရဲမင်းထွန်းသည် အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၅၃ တက်ရောက်ခဲ့ကြောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခမရ ၃၅၀ တပ်ရင်းမှဖြစ်ပြီး ကွန်ပျူတာ(နည်းပညာ) ဘွဲ့ရရှိခဲ့ ကြောင်း၊ မိတ္တီလာမြို့ ဇာတိဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံကဒိုက်ကျေးရွာအနီးတွင် အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ကျားဖြူစစ်ကြောင်းအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ၉ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း၊ ကျားဖြူစစ်ကြောင်းဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article