26 C
Yangon

ကြာအင်းဆိပ်ကြီးတွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်ပြီး သတ် ဖြတ်မည်ဟု ခြိမ်းခြောက်၊ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

Must read

ကြာအင်းဆိပ်ကြီးတွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်ပြီး သတ် ဖြတ်မည်ဟု ခြိမ်းခြောက်၊ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၂၈

ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝေါ်လူး ရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်ပြီး ပြန်ပြောလျှင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် KNU – ကော်သူးလေ အုပ်ချုပ် နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စကခ-၁၃ လက်အောက်ခံ နဗဟ-၂ မှူး သော်ဇင်နိုင် ဦးဆောင်အဖွဲ့က ကြာအင်း ဆိပ်ကြီး(နို့တကောမြို့နယ်) မြို့နယ် ဝေါ်လူးကျေးရွာမှ ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ညှင်းပန်း နှိပ်စက် ခဲ့သည့် ပြည်သူ ၂ ဦးမှာ ဝေါ်လူး ကျေး ရွာမှ အသက် ၃၇ နှစ်အရွယ် အမည် မဖော်လိုသူ ၁ ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမည် မဖော်လိုသူတို့ ဖြစ်ကြောင်း၊ အဆိုပါ လူငယ် ၂ ဦးသည် ကျိုက်ဒုံဆေးရုံသို့ အသွား ပိုးရေးကျေးရွာလမ်းနှင့် ကျိုက်ဒုံဆေးရုံ လမ်းဆုံတွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ချိန်တွင် ဖြစ်စဥ်နှင့် ပတ်သက်၍ မည်သူကိုမှ မပြောရန်နှင့် ပြန်ပြောခဲ့လျှင် ဖမ်းဆီး သတ်ဖြတ်မည်ဟု ခြိမ်း ခြောက်၍ ည ၈ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ကြောင်း၊ ကျိုက်ဒုံ အခြေစိုက် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ပြည်သူနေ ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများအား မကြာခဏ လုပ်ဆောင်နေကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကညင်ကျိုးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်တွင် ပိန်းဇလုပ်မြို့၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ကျောက်ကြီး မြို့န ယ် ရှိ ကညင်ကျိုးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ် ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ဆန်ထိမှန်ပြီး ကညင်ကျိုးကျေးရွာနေမှ အသက် ၄၅ နှစ်အရွယ် ဒေါ်ပြုံးပြုံးရီ၊ အသက် ၅၂ နှစ်အရွယ် မစန်းစန်း၊ အသက် ၄ နှစ်အရွယ် မြေမြတ်နိုးဝေ နှင့် အသက် ၆၆ နှစ်အရွယ် မစန်းဌေး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ အနက် မစန်ဌေး၏ ဒဏ်ရာသည် ပြင်းထန်ပြီး ပြည်သူပိုင် နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article