32 C
Yangon

ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး

Must read

ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး

ရန်ကုန်၊ ဩဂုတ် ၂၉

ချင်းပြည်နယ်။ ထန်တလန်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိကြောင်း ချင်းအမျိုးသားတပ်မတော် CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ထန်တလန်မြို့ တပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး ၆၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဟားခါးမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး စစ်ကောင်စီ တပ်ဘက်မှ RPG ၁ လက်၊ MA လက်နက် ၄ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ထန်တလန်မြို့ တိုက်ပွဲတွင် CNA ၊ CDF-Zophei ၊ CDF – Thantlang နှင့် CDF – Hakha တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တိုက်ပွဲ တွင် CNA ရဲဘော် ၅ ဦး၊ CDF-Zophei ရဲဘော် ၄ ဦး၊ CDF – Thantlang ၁ ဦး နှင့် CDF – Hakha ရဲဘော် ၁ ဦး စုစုပေါင်း ၁၁ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ကြကြောင်း သိရှိရသည်။

“ထန်တလမြို့ တပ်ကုန်းစခန်းကိုတော့ ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကျဲပြီး ဝင် တိုက်ခိုက်တာဖြစ်ပါတယ်။ CNA အပါအဝင် ချင်းတော်လှန်ရေးတပ်တွေ ဘက် က ၁၁ ဦးကျဆုံးပါတယ်။ စစ်ခွေးတွေဘက်ကတော့ ၂၈ ဦးသေဆုံးပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရပါတယ်” ဟု ချင်းတိုင်းရင်းသားတော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ဒရုန်းဖြင့် ဗုံးကျဲချမှုကြောင့် အထိနာနေသော ထန်တလန်မြို့ တပ်ကုန်းစခန်း မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article