31 C
Yangon

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးနေရ

Must read

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးနေရ

ရန်ကုန်၊ သြဂုတ် ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၆ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဒေသ ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စမ်းလှမ်းရွာ၊ တီဇစ်ရွာ၊ ဂေါ့အင်းရွာနှင့် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်း ထိုးနေသော​ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စမ်းလှမ်း၊ တီဇစ်၊ ဂေါ့အင်း ရွာတွေကို စစ်ကြောင်း ဝင်ရောက် ပြီး အနီးအနားတစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာ တိုက်ပွဲဖြစ်ပွားနေတာလည်းရှိတယ်။ ကြယ်တောင်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေပါတယ်။ တိမ်းရှောင်နေရတာ ပြည်သူ ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article