28 C
Yangon

မြိုင်၊ ကိုင်းတောမ ရဲစခန်းကို လက်နက်ကြီး အလုံး ၃၀ ကျော်ဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံး၊ရေးမြို့အခြေစိုက်အမှတ် ၁၉ စကခ နှင့် ခလရ ၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

မြိုင်၊ ကိုင်းတောမ ရဲစခန်းကို လက်နက်ကြီး အလုံး ၃၀ ကျော်ဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံး၊ရေးမြို့အခြေစိုက်အမှတ် ၁၉ စကခ နှင့် ခလရ ၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဩဂုတ် ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းကို လက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း ရွှေလင်းယုန်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့- မြေလတ် ဒေသ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၇ ရက်ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး ပခုက္ကူတပ်မ ၁၀၁ တပ်မှ အင် အား ၅၀ ကျော်ဖြင့် လာရောက်တပ်စွဲထားသော ကိုင်းတောမရဲစခန်း အတွင်း သို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး အလုံး ၃၀ ကျော် အပြင် အနီးကပ်လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးပြီး ရဲစခန်း၊အဆောက်အအုံ၊ ဘန်ကာများ ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

“ခွေးစခန်းမှာက အင်အား ၅၀ ကျော်လောက်ပဲရှိပါတယ်၊ တပ်မ ၁၀၁ က စစ်သားတွေလာရောက် တပ်စွဲ ထားတာပါ၊ လက်နက်ကြီးတွေနဲ့ပစ်တာ ပစ်မှတ်ကို ထိမှန်မှုရှိခဲ့ပါတယ်၊ တိုက်ပွဲကြာချိန်ကပဲ တစ်နာရီခွဲ လောက်ကြာ ခဲ့တာပါ၊ စစ်ခွေးတွေဘက်က လောလောဆယ် ၂ ဦးသေတယ်လို့ သိရတယ်၊ မဟာမိတ်တပ် ဖွဲ့က ရဲဘော်တစ်ဦးကျတယ်၊ ကျတာက စစ်ခွေးတွေဘက်က ပစ်တဲ့လက်နက်ထိတာမဟုတ်ပါဘူး၊ ၆၀ မမ လက်နက်ကြီး ပစ်ခတ်ဖို့ ပြင်ဆင် ရင်း ပေါက်ကွဲလို့ ကျဆုံးရတာပါ၊” ဟု ရွှေလင်းယုန်ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့- မြေလတ် ဒေသ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Myaylatt ၊ ပြည်သူ့အားမာန်တပ်ဖွဲ့၊ တော်ဝင်ပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့ နှင့် မဟာမိတ်ညီနောင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် မွန်ပြည်နယ်၊ရေးမြို့ အခြေစိုက်အမှတ် ၁၉ စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ ၆၁ တပ်ရင်းတို့် ကို ဒရုန်းလေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း MSRF အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ရင်း(၂)T-5 ၊ TPLF၊ KBDF၊ MSRF ၊ ဒေါနစစ်ကြောင်း၊YAF၊ YDF၊ MSRO နှင့် ABSDFတပ်ရင်း (၁) တို့အတူ ပူးပေါင်း၍ SF-Zအမျိုးအစားဒရုန်းအသုံးပြုပြီးဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရ သည်။

ထို တိုက်ခိုက်မှုကို မိုးကြိုးစစ်ဆင်ရေး ၂ ဟု အမည်ပေးထား၍ “၇၆”ကြိမ် မြောက် မွန်တော်လှန်ရေးနေ့”ကိုကြိုဆိုဂုဏ်​ပြုသောအားဖြင့် ရာသီဥတု ဆိုးရွားသည့် ကြားမှ အဆိုပါမင်ရှင်ဖော်ဆောင်ခဲ့ကြောင်း၊ မွန်-တနင်္သာရီ ပူးပေါင်း အဖွဲ့ဘက်မှ SF-Z ဒရုန်း ၁ စီးပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဗုံးကျဲမှုအပြီး စစ်တပ်က ၈၁ မမ ၊ ၁၂၀မမ လက်နက်ကြီးများ ၈ ကြိမ် ထက်မနည်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်း အဖွဲ့ ဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article