ဂန့်ဂေါတွင် လုယက် မီးရှို့ ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉
မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး ကြောင်း ယောဒေသ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၂၇ ရက်နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ မှ စစ်တပ် စစ်ကြောင်း က ဂန့်ဂေါမြို့နယ်အတွင်း လှည့် ပတ်ကာ လူသတ်မီးရှို့လုယက်နေကြောင်း၊ အဆိုပါ စစ်ကြောင်းတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းအဖွဲ့ ပါဝင် ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား ၃ ဦးခန့်သေဆုံးနိုင် ကြောင်း၊ ယင်း တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ ရှိခဲ့ ကြောင်း သိရ သည်။
“ဂန့်ဂေါမြို့ကနေပြီးတော့ စိန်ဒူးရွာဘက်ကနေ ပတ်ထွက်လာတာ၊ အဲဒီ စစ် ကြောင်းက လွင်ဖောက အိမ် တစ်အိမ်တော့ ရှို့သွားတယ်ဗျ၊ အဲဒီအိမ်ကတော့ အကုန်ကုန်သွားတယ်၊ စပါးတိုက်ရယ်၊ နွားစာတိုက်တွေ အကုန်ပါသွားတာ၊ ထိတွေ့ဖြစ်တဲ့နေ့က ဂန့်ဂေါက ခလရ ၅၀ ကနေ လက်နက်ကြီးနဲ့ပစ်လို့ အ နောက် ဂန့်ဂေါက လင်မယားနှစ်ဦးလက်နက်ကြီးနဲ့ထိတယ်၊ အမျိုးသား တစ်ဦး လည်းသေတယ်၊ တိုက်ပွဲမှာက စစ်ခွေးတွေဘက်က ဒဏ်ရာရတဲ့အထဲမှာ ရာထူး ကြီး တဲ့သူတစ်ယောက်တော့ ပါတယ်လို့ သိရတယ်၊ ကျနော်တို့ဘက် ကရဲဘော် တစ်ဦးလည်း နှစ်ဆင့်ကွဲကျည်မှန်လို့ ဒဏ်ရာရတာ” ဟု ယော ဒေသပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို KKG-CDF ၊ Hakka CDF နှင့် ယောဒေသ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ (YPDF) တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်း ဖက် စစ်တပ် စစ်ကြောင်းမှာ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်း သို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ယောဒေသအတွင်း၌ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် အ ကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများ၊ ဂိတ်များ၊ ရုံးအဆောက်အဦးများနှင့် ဝေးရာ၌ နေထိုင်ကြရန် ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယောဒေသမှ PDF အမျိုးသမီးစစ်သည်များ ကင်းလှည့်နေစဉ်။
