29 C
Yangon

တနင်္သာရီမြို့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ရဲတပ်သား၏ မိခင်ဖြစ်သူ ဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီး

Must read

တနင်္သာရီမြို့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ရဲတပ်သား၏ မိခင်ဖြစ်သူ ဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ သြဂုတ် ၂၉

တနင်္သာရီမြို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ရဲတပ်သား ၁ ဦး၏ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် တနင်္သာရီမြို့၊ တပ်ဦးရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်သား ၁ ဦး၏ မိခင်ဖြစ်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်ညွှန့်၏ နဖူးကို ကျည်စထိမှန် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ၏ သားဖြစ်သူသည် မောတောင်ရဲစခန်း၌ တာဝန်ထမ်း‌ဆောင်နေသော ရဲတပ်သား ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသွားသော အမျိုးသမီးကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဆေးရုံကို ညတွင်းချင်းပို့ဆောင် ပေးခဲ့ကြောင်း၊ လက်ရှိတွင် ဒေါ်ညွှန့်သည် တနင်္သာရီမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး နေအိမ်သို့ ပြန်လည် ရောက်နေပြီ ဖြစ်​​ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်ကြီးကျည်များသည် ဒေါ်ညွှန့် နေအိမ်အနီးတစ်ဝိုက်ကို ကျည် ၅ လုံးကျရောက်ခဲ့ပြီး ၃ လုံးပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးသည့် ကျည် ၂ လုံးကို ရဲများက လာရောက် ရှင်းလင်းသွားတာကြောင်း၊ ဒေါ်ညွှန့်၏ နေအိမ်အနီး ပတ်ဝန်းကျင်နှင့် လမ်းဆုံတို့တွင် စစ်သားနှင့် ရဲများက လုံခြုံရေးယူထားပြီး ဘန်လောရွာမှ နေအိမ် ၂ လုံးလည်း ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

ယင်းပစ်ခတ်မှုကို တနင်္သာရီမြို့ရှိ လေသာတောင်ပေါ်၌ တပ်စွဲထားသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့က‌လည်း ရေဖြူရွာ၊ အရှေ့မော်တုံးကျေးရွာအုပ်စု၊ တနင်္သာရီမြို့ပေါ်ရပ်ကွက်တွေထဲကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စက်လက်နက်၊ လက်နက်ကြီးများဖြင့် ရေဖြူရွာကို ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း၏ မုခ်ဦး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article