ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေ
ရန်ကုန်၊ သြဂုတ် ၂၉
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတွင် ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“လေယာဥ်နဲ့ ၃ ခေါက် လာပစ်တယ်။ လေယာဥ် ပျက်ကျတာတော့ မကြားဘူး။ နံနက် အစောကတည်းကတိုက်ပွဲ ဖြစ်နေတယ်လို့ သိရတယ်။ မနက်ကဖိုက်တာ ၂စီးပစ်တယ် အခု ၁ စီး ထပ်လာပစ်တယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုအခြေအနေကို မသိရှိရသေးဘဲ ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများလဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။