25 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီ နဲ့ ဆန်းစပါး အသင်းတို့ကနေ ဆန်စျေးနှုန်းတွေကို ပြည်တွင်းမှာ သတ်မှတ် စျေး ထက် ပိုမရောင်းဖို့ ဖိအားပေးနေပြီး ၊ လက်တွေ့မှာတော့ ဆန်းစျေးနှုန်း ကျဖို့ မလွယ်ကူသေးဘူးလို့ ဆန်စပါး လုပ်ငန်းရှင်တွေက ပြောပါတယ်။

– ချင်းပြည်နယ် ၊ ထန်တလန်မြို့မှာ ဩဂုတ်လ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ တပ်ကုန်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ၂၈ ဦးသေတဲ့အပြင် ၊ RPG အပါအဝင် လက်နက် ၅ လက်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းရရှိခဲ့ပြီး ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတယ်လို့ ချင်းအမျိုးသားတပ်မတော် CNA သတင်းရင်းမြစ်က ပြောပါတယ်။

– ကရင်ပြည်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်ပေါ်က ဗုဒ္ဓ-သာသနိက အဆောက်အအုံတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတာတွေ ၊ လက်နက်ကြီးနဲ့ ပစ်ခတ် ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article