25 C
Yangon

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင်း စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံး

Must read

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင်း စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံးနိုင်ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းက ပခုက္ကူမှ ရေစကြိုစကြိုလက်သို့ ထွက်ခွာလာသော ကားမှန်ချ မောင်းနှင်ခြင်းမရှိသည့် မတ်တူးကားတစ်စီးကို သတိပေးမိုင်းဆွဲခဲ့ရာ ကားထိကို ထိမှန်မှုရှိခဲ့ပြီး လူထိ ခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊အလားတူ ပခုက္ကူမှရေစကြိုသို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ပွိုင့်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပခုက္ကူကနေ ရေစကြိုကိုသွားတဲ့ ပွိုင့်ကားဗျ၊ အဲဒါကို ဆွဲတာ ထိတယ်၊ ထိတော့ ပခုက္ကူစက်မှုဇုန်ကနေ နောက်တစ်စီးနဲ့လာဆွဲတာ၊ အဲဒီမှာက ၃ ယောက်သေတယ်လို့ သိရတယ်၊ ဒီနေ့မွန်းလွဲပိုင်းမှာ ဆွဲခဲ့တာ၊ အဲနားမှာ သွေးကွက်တွေကျန်ခဲ့တာဆိုတော့ သေတာက သေချာတယ်၊ သွေးကွက်တွေကို လည်းသဲ တွေနဲ့ဖုံး ထားခဲ့တာ၊ နောက်ဆက်တွဲထုတ်ပြန်ထားတဲ့ သေတဲ့ ၂ ကောင်က ၂၆၊ ၂၇ ရက်တရက် ရက်နေ မှာ အဲဒီတုန်းက သေတာမသိလို့ မထုတ်ပြန် လိုက်ရတာ၊” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီဝန်းကျင်ခန့်က ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှ ပခုက္ကူ မြို့သို့ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ပွိုင့်ကားတစ်စီးကို မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ပခုက္ကူနဲ့ရေစကြိုကားလမ်းပေါ်မှာလည်း၊ မနေ့ညက အသွားတုန်းက သိတယ်၊ မဆွဲလိုက်ရဘူး၊ မီးမှိတ်ပြီးမောင်းသွားတာ၊ ပြည်သူဖြစ်မှာစိုးလို့ မဆွဲလိုက်ရဘူး၊ ပြန်လာမှ ခွေးကားမှန်းသိတော့ ဆွဲ လိုက်ရတာ၊ ကားမှန်မချပဲမောင်းတဲ့မတ်တူးကားကလည်း ပြည်သူကားလို့လည်း ပြောလို့ရ မရဘူး၊ မှန်ကချလည်းမထားဘူး၊ မတ်တူးကားဆိုတာ ကျနော်တို့ဘက်မှာ အများဆုံးသုံးတာက ပန်းတိုင်းခြုံနဲ့ ကျောက်လှေကားကားဂိတ်နဲ့ ပခုက္ကူနဲ့ကူးနေတဲ့အချိန်မှာ ခွေးသုံးတာများတာ၊ ဒါပေမယ့်မသေချာဘူး၊ မသေချာပေမယ့်လည်း အဲဒီလမ်းပိုင်းမှာ ထုတ်ပြန်ပြီးသား၊ ကျနော်တို့က မနက် ၆ နာရီကနေ ညနေ ၇ နာရီ အတွင်းပဲ သတ်မှတ်ထားတာ၊ ကားမှန်မချထားလို့ မှားယွင်းပစ်ခတ်မှုရှိခဲ့ရင် တာဝန်မယူဘူးလို့ အရင်နေ့ကလည်းက ပကဖကနေ စာထုတ်ထားပြီးသား၊ အဲဒီမှာကတော့ သေဆုံးမှုတော့ မရှိဘူး။ ကား ကတော့ထိတယ်၊ ပခုက္ကူကနေ ရေစကြိုဘက်ကို သွားတဲ့ကား၊” Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၃ ၊ Shwe Nyar Myae PDf နှင့် ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ Young Force UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ- ရေစ ကြိုကားလမ်းကိုအ သုံးပြုမည့် မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများကိုတိတိကျကျ လိုက်နာပေး ပါရန် အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article