28 C
Yangon

မြိုင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းနှင့် တပ်ကြပ် ၁ ဦး တို့ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးစလုံးသေဆုံး၊ ချောင်းဦးတွင် စစ်တပ်ကင်းထောက် ဒရုန်း ၂ စင်း သိမ်းဆည်းရရှိ

Must read

မြိုင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းနှင့် တပ်ကြပ် ၁ ဦး တို့ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးစလုံးသေဆုံး၊ ချောင်းဦးတွင် စစ်တပ်ကင်းထောက် ဒရုန်း ၂ စင်း သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အနောက်ဘက်ထွက် ကိုးဆောင်ဘုန်း ကြီးကျောင်း ဂိတ်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းနှင့် တပ်ကြပ် ၁ ဦး တို့ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၂ ဦးစလုံးသေဆုံးကြောင်း မြိုင်ပကဖအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ အချိန် မြိုင်မြို့၏ အနောက်ဘက်ထွက် ကိုး ဆောင် ဘုန်းကြီးကျောင်းဂိတ် တွင် လုံခြုံရေးဆောင်ရွက်နေ သော မြိုင်မြို့ မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းကို ဘန်ကာအတွင်း ရဲနှင့်ပျူစောထီးများနှင့် စကားပြောနေစဥ််မြိုင်ပကဖ ရင်း ၁ တပ်ဖွဲ့ဝင်များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ပြီး လဲကျသေဆုံးသွားကြောင်း၊ ယင်း နောက် ယနေ့ ညနေ ၆ နာရီ ၂၄ မိနစ်အချိန် ကိုးဆောင်ဘုန်းကြီး ကျောင်း ဂိတ်ကို ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့ရာတွင် တပ်ကြပ်တစ်ဦး ထိမှန် လဲကျ သွားကြောင်း ၊ ကျန်အခြား စစ်သားများက ဘုန်းကြီးကျောင်းထဲပြေး၍ လက် နက် ငယ်များဖြင့် အဆက်မပြတ် ၁၀ မိနစ်နီးပါး ရမ်းသမ်း ပစ်ခတ် နေခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်း ထောက်နေသည့် စစ်တပ် ဒရုန်း ၂ စင်း သိမ်းဆည်းရရှိကြောင်း ချောင်းဦး ဆရာတော်က မိန့်ကြားသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ စစ်တပ်က လွှတ်တင်ထားသည့် ဒရုန်း ၂ စင်း ပျက်ကျလာကြောင်း၊ ပျက်ကျလာသည့် ဒရုန်း ၂ စင်းကို ချောင်းဦးပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိသည့် စစ်တပ် ကင်းထောက်ဒရုန်း ၂ စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article