30 C
Yangon

ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ကျော်စိုးမင်း အပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး စစ်သည် ၁၄ ဦး လက်နက်နှင့်အတူ ပျောက်ဆုံးနေ

Must read

ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ကျော်စိုးမင်း အပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး စစ်သည် ၁၄ ဦး လက်နက်နှင့်အတူ ပျောက်ဆုံးနေ

ရန်ကုန်၊ ဩဂုတ် ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ တပ်ကုန်စခန်းကို ချင်းဒေသ ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူး ကျော်စိုးမင်း အပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး စစ်သည် ၁၄ ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေကြောင်း စစ်တပ် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ထန်တလန်မြို့ တပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ သေဆုံးမှု များပြားခဲ့ကြောင်း၊ ဗိုလ်မှူး ကျော်စိုးမင်းအပါအဝင် စစ်သား ၂၄ ဦး တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရရှိသူ ၆၀ ဦးအနက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သား ၁၃ ဦး ဩဂုတ်လ ၂၉ ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်း၊ ယခုလက်ရှိ ဟားခါးဆေးရုံတွင် ထပ်မံသေဆုံးရန် ရှိနေသည့် ဒဏ်ရာရ စစ်သား အများအပြားရှိနေကြောင်း သိရှိရသည်။

“ဗိုလ်မှူး ကျော်စိုးမင်း အပါအဝင် စစ်သား ၂၄ ယောက်က တိုက်ပွဲထဲမှာ သေ ဆုံး တယ်။ ဩဂုတ်လ ၂၉ ရက်နေ့မှာ ဒဏ်ရာရ စစ်သားတွေထဲက ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၃ ဦး ထပ်သေဆုံးပါတယ်။ လတ်တလောအထိက ထန်တ လန် တိုက်ပွဲမှာ စု​စုပေါင်း ၃၇ ယောက်သေဆုံးပါတယ်။ အခုအထိ သတိ မရသေး တဲ့ သေတော့မယ့် စစ်သား အရေးပေါ်လူနာတွေ ဟားခါးဆေးရုံ မှာ ရှိနေသေးတယ်။ အဆက် အသွယ်မရဘဲ လူရောလက်နက်ပါ ပျောက်နေ တာက စစ်သား ၁၄ ဦးရှိပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ထန်တလန်မြို့ တပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ အများ အပြားသေဆုံးခဲ့ပြီး RPG ၁ လက်၊ MA လက်နက် ၄ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ထန်တလန်မြို့ တိုက်ပွဲတွင် CNA ၊ CDF-Zophei ၊ CDF – Thantlang နှင့် CDF – Hakha တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့ တိုက်ပွဲ တွင် ချင်းတော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၁၃ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထန်တလန်မြို့တွင်း ၂၀၂၃ နှစ်စပိုင်း တိုက်ပွဲများမြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)

Photo- Tial Hram Ling

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article