ပေါင်မြို့နယ်တွင် စစ်ကောင်စီခန့် သဗြုချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ငွေ ထွန်း ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိ
ရန်ကုန်၊ သြဂုတ် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီခန့် သဗြုချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ငွေထွန်း ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း တပင်ရွှေထီး စစ်ကြောင်းထံမှ သိရသည်။
သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ရင်းငြိမ်မြောက်ကျေးရွာမှ ၎င်း ၏ နေအိမ်ရှိရာ သဗြုချောင် ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်နေသော အုပ်ချုပ် ရေး မှုး ဦးအောင်ငွေထွန်း(ခ)မောင်တူးကို ရင်းငြိမ်မြောက် ကျေးရွာဘောလုံး ကွင်း အနီးကားလမ်းပိုင်းတွင် သထုံခရိုင်၊ တပ်မဟာ ၁ ၊ KNLA/PDF အမှတ် ၂ တပ်ရင်း၏ UG အဖွဲ့ နှင့် S.O.F အဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ပစ်ခတ် တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှုး ဦးအောင်ငွေထွန်း (ခ) မောင်တူး သည် သေနတ်ကျည် ၂ ချက်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ မော်လမြိုင် စစ်ဆေးရုံသို့ ပို့ဆောင် ကုသနေရကြောင်း သိရှိရသည်။
“အုပ်ချုပ်ရေးမှူးက ဒဏ်ရာ အရမ်းပြင်းထန်တယ်။ အခုထက်ထိတော့ အရေး ပေါ် အခြေအနေနဲ့ စောင့်ကြည့်နေရဆဲပဲလို့ သိရပါတယ်။ အသက်အန္တရာယ် အလွန်စိုးရိမ်ရတယ်လို့လည်းကြားတယ်” ဟု ပေါင်မြို့နယ်၊ သဗြုချောင်ရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ပေါင်မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် စကစ ထောက်တိုင် အုပ်ချုပ်ရေးမှူးများ အနေဖြင့် အမြန်ဆုံးနုတ်ထွက်ကြရန်နှင့် ဆက်စပ် ပတ်သက်မှုများ ပြုလုပ်ခဲ့ လျှင် အသက်အန္တရာယ် တာဝန်ယူမည်မဟုတ်ကြောင်း၊ ပြည်သူများအနေ ဖြင့်လည်း ၎င်းတို့နှင့် ဝေးဝေးကို ရှောင်ရှား ကြပါရန် တပင်ရွှေထီး စစ် ကြောင်း က အသိပေး ထုတ်ပြန်ထားသည်။
