25.2 C
Yangon

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းကို နွေဦးအောင်လံ စစ်ဆင်ရေးအဖြစ် ဗုံးဖောက်ခွဲတိုက်ခိုက်

Must read

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းကို နွေဦးအောင်လံ စစ်ဆင်ရေးအဖြစ် ဗုံးဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်တိုင်းတွင် ယမန်နေ့ညပိုင်း မြို့နယ်ရဲစခန်းများအနီးတွင် ဗုံးများ ဆက် တိုက် ပေါက်ကွဲခဲ့ရာတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းကို နွေဦး အောင် လံ စစ်ဆင်ရေးအဖြစ် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18- မြို့ပြ ကျီးကန်း (Crow Squad)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဩဂုတ်လ၂၉ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်အရှေ့ပိုင်းမြိုနယ်၊ (၁၅၅) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြို့မရဲစခန်း ကို အဝေးထိန်းမိုင်းများ အသုံးပြု ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊

တိုက်ခိုက်မှုအပြီး ထိခိုက်မှုအခြေအနေများအားစုံစမ်းနေဆဲဖြစ်ကြောင်း၊ မစ်ရှင်ပြီးဆုံးပြီး နောက် တော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို KMD18- မြိုပြကျီးကန်း (Crow Squad)မှ “နွေဦး အောင်လံ” စစ်ဆင်ရေးအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြို့ကို စစ်တပ်က လုံးဝအုပ်ချုပ်ခွင့် မရအောင် ပြင်းထန်စွာတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၊ ပြည်သူလူထုများအနေဖြင့်လည်း တော်လှန်ရေးကြီးအား ပူးပေါင်းကူညီသော အားဖြင့်အကြမ်းဖက်စစ်တပ် တပ်စခန်းအနီးနားများ၊ ဘန်ကာများ၊ ကင်းပတ်ကားများ နှင့် ဝေးဝေးရှောင်ကွင်း နေထိုင်သွားကြပါရန် လည်း မြို့ပြUGအဖွဲအားလုံး ကိုယ်စားအထူး မေတ္တာရပ်ခံအပ်ကြောင်း KMD18- မြိုပြကျီးကန်း (Crow Squad)မှ တာဝန်ရှိသူက ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညပိုင်း ရန်ကုန်မြို့ရှိ ရန်ကင်း၊ အရှေ့ဒဂုံနှင့် တောင်ဥက္ကလာရှိ ရဲစခန်းများအနီးတွင်လည်းကောင်း၊ မြောက်ဒဂုံမြိုနယ်နှင့် မြောက်ဥက္ကလာမြို့နယ် ရဲစခန်းများအနီးတွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article