30 C
Yangon

ညောင်လေးပင်ခရိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်သဖြင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

Must read

ညောင်လေးပင်ခရိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်သဖြင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန် ခလရ ၂၆၄ က ရွှေကျင်မြို့နယ်၊ ချုံအင်း ကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး မနက် ၉ နာရီအချိန်တွင် ဝက်ချဲ၊ ရေတွင်းကုန်း၊ ကျောင်းကုန်း ကျေးရွာများအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၃ ကြိမ်ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီအချိန်တွင် ရေတွင်းကုန်း ကျေးရွာ အတွင်းရှိ စာသင်းကျောင်းအနီးသို့ လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုများအတွင်း ရေတွင်းကုန်းကျေးရွာအတွင်းရှိ နေအိမ် ၁ လုံး၏ ခေါင်မိုး ထိမှန်ကာ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂၉ ရက်နေ့တွင် ခလရ−၂၆၄ က ပိန်းဇလုပ်တွင်အခြေချပြီး ရွှေကျင်မြို့နယ် ပျဉ်ရေကြီးကျေးရွာ အတွင်းသို့ ၁၂၂ မမ လက်နက်ကြီးများကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီ ၀၂ မိနစ် တွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးများ ထိမှန်၍ အသက် ၇ နှစ်အရွယ် သမီး မသွန်းရတီဖူး နှင့် အသက် ၄၄ နှစ်အရွယ် ဒေါ်စန်းမျိုးဦး တို့ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ကျော်မိုးနိုင် ၊ မိုးမိုးဌေး နှင့် ထူးဝေဖြိုးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၅ ဦး၏ နေအိမ်များ ထိခိုက် ပျက်စီးခဲ့ရကြောင်း၊ အလားတူ ဩဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်ကောင်စီ၏ ခမရ−၄၃၉ တပ်က လက်တပ်ကြီး ကျေးရွာ အတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ လက်တပ်ကြီးရွာနေ စောဂျောကလက်မူး အသက် ၂၇ နှစ်၏ ဘယ်ဘက်ပုခုံးတွင် လက်နက်ကြီးထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article