29 C
Yangon

ရုရှား MIR Payment စနစ် နှင့် Myanmar Payment Union တို့ ပူးပေါင်းရေး မြန်မာပုဂ္ဂလိကဘဏ်များ ဖိတ်ခေါ်

Must read

ရုရှား MIR Payment စနစ် နှင့် Myanmar Payment Union တို့ ပူးပေါင်းရေး မြန်မာပုဂ္ဂလိကဘဏ်များ ဖိတ်ခေါ်

ရန်ကုန်၊ ဩဂုတ် ၃၀

ရုရှားနိုင်ငံတွင် အသုံးပြုနေသည့် ငွေကြေးဆိုင်ရာ MIR Payment စနစ် နှင့် မြန်မာနိုင်ငံမှ Myanmar Payment Union(MPU) တို့ ပူးပေါင်းရေး မြန်မာပုဂ္ဂလိကဘဏ်များကို MPUက ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

ရုရှားနိုင်ငံမှ ငွေကြေးထုတ်ယူသုံးစွဲနိုင်သော NSPK MIR Payment စနစ်နှင့် မြန်မာနိုင်ငံမှ MPU တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ပထမအဆင့်အနေဖြင့် နည်းပညာဆိုင်ရာ ပူးပေါင်းမှုများ စတင် နေပြီဖြစ်ကြောင်း၊ ထိုသို့ နည်းပညာဆိုင်ရာ ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက ဘဏ်များကို ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

“မြန်မာက MPU စနစ်ကို ရုရှားမှာ သုံးလို့ရမှာဖြစ်သလို ရုရှားက MIR Payment စနစ်တွေကိုလည်း မြန်မာပြည်မှာ သုံးလို့ရမယ့် ပူးပေါင်းတဲ့စနစ်မျိုး။ နှစ်နိုင်ငံအပြန်အလှန် အသုံးပြုလို့ရမယ်။ ဒါကို အကောင်အထည်ဖော်စဖော်တာလို့ နားလည်ပါတယ်” ဟု ပုဂ္ဂလိက ဘဏ် အကြီးတန်းမန်နေဂျာတစ်ဦးက MPU၏ ဖိတ်ကြားစာကို ဖတ်ကြည့်ပြီး ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းရန် ကြိုးစားလျက်ရှိရာ ယခုကဲ့သို့ ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းမှုသည်လည်း တစ်ခုအပါဝင် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article